Saturday, September 20, 2014

သွေးစုပ်ဖုတ်ကောင် အဖေက သမီးကို သွေးစုပ်၊ စားသောက်



ပါပူဝါ နယူးဂီနီက အမျိုးသားတယောက်ဟာ ၃ နှစ်အရွယ် သူ့ သမီးငယ်ရဲ့ လည်ပင်း ကို ကိုက်ပြီး အသားတွေစား၊ သွေးတွေကို သောက်လို့ သမီးငယ်လေး သေဆုံးသွားတဲ့အတွက် သူ့ကို ဖမ်းလိုက် ပါတယ်။
 ဒေသဆိုင်ရာ ကောင်စီလူကြီးတဦးကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းတပုဒ်အဆိုအရ ၃ နှစ်သမီးလေးနဲ့ သူ့မိခင်တို့ဟာ ဖခင်ဖြစ်သူထံ အလည်လာခိုက် ဘာဖြစ်မှန်း မသိရပဲ အမေက သမီးကို လက်ဆွဲရင်း ထွက်ပြေးခဲ့တယ်တဲ့၊ နောက်က သူ့ခင်ပွန်းက လိုက်လာတော့ ခြုံ တွေထဲ ၀င်ပြေးသွားခဲ့တယ်လို့ ဆိုတယ်။ 

ပြီးတော့ ခြုံထဲမှာ အဲဒီအမျိုးသားက သူ့သမီးလည်ပင်းကို ကိုက်၊ အသားတွေစား၊ သွေးတွေ စုပ်နေခဲ့ တာ ကို သစ်ပင်တပင်ပေါ် တက်နေတဲ့ လူငယ် ၂ ဦးက မြင်တော့ သူတို့လည်း ထွက်ပြေးပြီး လူတွေကို ပြော
ပြကြတယ်။ 

ကလေးတွေပြောတာကို အဲဒီကောင်စီလူကြီးက မယုံခဲ့ဘူး၊ ရယ်စရာတောင် လုပ်ပစ်လိုက်ခဲ့တယ်။ ဒါပေမယ့် အဲဒီ ကလေး တွေ က တော်တော် ကြောက်နေတာတော့ သတိထားမိတယ်လို့ ကောင်စီ လူကြီးက သတင်းထောက်တွေကို ပြောပြတယ်။ 

ဒါနဲ့ မျက်မြင်ကလေးတွေကြောင့် လူတွေရောက်လာပြီး အဲဒီ သွေးစုပ်ဖုတ်ကောင်ဆိုသူကို ခြုံထဲမှာ သူ့သမီးအလောင်းနဲ့ တွေ့လိုက်ကြတယ်။ သမီးကို ပြန်စားတဲ့ အဖေဖြစ်သူကလည်း ထွက်ပြေးဖို့ ကြိုးစား ခဲ့သေးတယ်။ နောက်ဆုံးတော့ လူတွေ က ၀ိုင်းဖမ်းပြီး ရဲလက်ကို အပ်လိုက်ကြတယ်။ သေဆုံးသူ ကလေးမ ရဲ့ အမေကတော့ ဘယ်ရောက်သွားတယ် ဆိုတာ သတင်းထဲမပါတော့ မသိရဘူး။ 

၃ နှစ်သမီးလေးရဲ့ လည်ချောင်းသွေးဖောက်သောက်၊ အသားစားတဲ့ အတွက်ကြောင့် အဖမ်းခံလိုက်ရတဲ့ ဖခင်ဖြစ်သူ ကို သွေးစုတ်ဖုတ်ကောင်လို့ သမုတ်ခံကြတယ်။ 

သွေးစုပ်ဖုတ်ကောင်ဆိုတာ တကယ်ပဲ ရှိနေရော့သလား ဆိုတာတော့ ဝေခွဲရခက်နေတဲ့ ပုစ္ဆာတပုဒ်လိုပါဘဲ။ အဲဒီဒေသမှာလည်း မှော်အတတ်ပညာတွေလို ရံဖန်ရံခါ ဒီလိုပြဿနာမျိုးတွေ ဖြစ်တတ်ကြတယ်လို့ ရဲတပ်ဖွဲ့က ပြော ပါတယ်။ 

မနှစ်ကပဲ အလားတူ ထူးထူးဆန်းဆန်း သေဆုံးမှုတွေကြောင့် ဒါဇင်နဲ့ ချီတဲ့ လူတွေကို ရဲက ဖမ်းခဲ့ရပါသေး တယ်တဲ့။ ၂၀၁၁ ခုနှစ်ကလည်း မွေးကင်းစ သားလေးကို ပြန်စားလိုက်တဲ့ လူတယောက်နဲ့ ပတ်သက်ပြီး သတင်းတွေထွက်ခဲ့ပါသေးတယ်။

ဧရာမြစ်ထဲမှာ ခြောက်နေတယ်ဆိုတဲ့ သရဲ

 

ကျွန်တော့အကိုက ကျာင်းမပြီးခင် ကြင်ယာစုံတော့၊ ကျနော့်မိဘ
တွေ ဒေါပွပြီး ဖြတ်လေးဖြတ် လုပ်ပါတော့တယ်၊ အဲဒါနဲ့ မောင်မင်းကြီးသား
ဘာလုပ်သလဲဆိုတော့ သူ့ယောက္ခမတွေနဲ့အတူ တက္ကသိုလ်ကျောင်းပိတ်
ချိန်မှာ ဧရာဝတီမြစ်ထဲ ပြေးတဲ့ “ဈေးသင်္ဘော”နဲ့ ကုန်လိုက် ကူးပါတယ်။
အောက်ပြည်အောက်ရွာ ဖြစ်တဲ့ ဧရာဝတီတိုင်းထွက်တဲ့ ငပိ၊ ငါးခြောက်
တွေကို အထက်ဆီ သယ်၊ မြန်မာပြည် အပေါ်ပိုင်းကထွက်တဲ့ သနပ်ခါးတို့
ပဲမျိုးစုံတို့၊ အညာထွက်တွေ စတာတွေကို အောက်ဖက် ပြန်သယ်ပါတယ်။

ဈေးသင်္ဘောပေါ်မှာ ဈေးသည်တွေ၊ ကုန်ပစ္စည်းတွေ အပြင် ဖဲဝိုင်းတွေ၊
အရက်ရောင်းတဲ့ အရက်ဆိုင်တွေပါ ပေါ်လာပါတယ်၊ တနေ့ကြတော့
မြစ်လယ်ခေါင်ကနေ လူသေအလောင်း နှစ်လောင်း မျောလာပြီး သင်္ဘော
နံဘေးမှာ ငြိပြီး လာကပ်ပါတော့တယ်၊ ဒါ ဘယ်က အလောင်းမှန်းလည်း မသိ၊
အမှုလာပတ်မှာ ကြောက်တဲ့ သင်္ဘောအမှုထမ်းတွေက အဲဒီ ငယ်ငယ်ရွယ်ရွယ်
နဲ့ သေဆုံးထားပုံရတဲ့ အလောင်း နှစ်လောင်းကို ၀ါးလုံးတွေ၊ သစ်ချောင်း
တွေနဲ့ တွန်းထိုးကြပါတယ်၊ နီးစပ်ရာ ဆိပ်ကမ်း ကပ်ပြီး ရဲစခန်းတွေ ဘာတွေ
သွားအကြောင်းကြားရင် အမှုတွေပတ်၊ သက်သေခံတွေ ဘာတွေ လုပ်ပေးရ
မှာ ကြောက်တော့ ပိုင်ရှင်မဲ့ လူသေအလောင်းကို ဖြစ်ကတတ်ဆန်း တွန်းထိုး
ကြတာပါ။ ဧရာဝတီမြစ်တလျှောက် မြို့အများစုမှာ ဒီလို လူသေ အလောင်း
ရေထဲ မျောပြီး ကိုယ့်မြို့က ဆိပ်ကမ်းဆီ လာကပ်လေ့ရှိပါတယ်၊ ဒီလို လာကပ်
ရင် အဲဒီမြို့တွေက ရဲတွေ ဦးဆောင်ပြီး မြစ်ထဲ ပြန်မျောသွားအောင် လုပ်လေ့
ရှိပါတယ်။ နောက်မို့ဆို ဘယ်က အလောင်းမှန်း မသိ၊ လက်သည်လည်း မပေါ်၊
စစ်ဆေးဖို့ နေရာ အခက်အခဲ၊ ပစ္စည်းပစ္စယ မပြည်စုံတာကြောင့် ရဲတွေ
ကိုယ်တိုင် အဲလို လုပ်နေကြပါ။ သူများ တိုင်းပြည်တွေမှာ အနုပညာဆန်ဆန်
ရေထဲ ပန်းတွေ မျောကြပါတယ်၊ ဒို့ပြည်တော့ အဲဒီခေတ်တွေတုန်းက နာရေး
အသင်းတွေ မရှိလို့၊ အမှုပတ်မှာ ကြောက်လို့ အဲဒီလိုပဲ ဧရာဝတီမြစ်ကြီးကို
အားကိုးပြီး ရေထဲ မျောကြပါတယ်။

အဲလို သင်္ဘောမှာ လာငြိနေတဲ့ လူသေအလောင်း နှစ်လောင်းကို တွန်းထိုး
လိုက်တဲ့ နေ့ကစပြီး သင်္ဘောပေါ်မှာ အမှုပေါင်းစုံ ပြဿနာပေါင်းစုံ သိသိ
သာသာ စ’ပါတော့တယ်။ ပထမတော့ သိပ် မသိမသာပါ၊ သင်္ဘောပေါ်ကနေ
ရေထဲ လူ ပြုတ်ကျတယ်၊ ဟိုလူ နေမကောင်း ဖြစ်လိုက်၊ ဒီလူ နေမကောင်း
ဖြစ်လိုက်ပါ၊ နောက်တော့ ဒီထက် ကြမ်းလာပါတယ်၊ သင်္ဘောတစ်စီးလုံး
ရေလယ်ခေါင်မှာ ညဖက်ကြီး စက်ထိုး ရပ်သွားပါတယ်၊ သင်္ဘောပေါ်က
ကုန်ပစ္စည်းတွေ သူ့အလိုလို ရွေ့ပါတယ်၊ ဖြေးဖြေးချင်း သူ့အလိုလို
ရွေ့တာကနေ ပုဏ္ဍာက တိုက်သလို ၀ုန်းဒိုင်းကြဲ လာပါတယ်၊ တချို့ဆို
တစုံတယောက်က ဇွတ်အတင်း ဆွဲပြီး ရေထဲ တွန်းချတဲ့ ပုံစံမျိုး ကိုးရို့ကားယား
နဲ့ ရေထဲ တွန်းချ ခံရပါတယ်။ ရေထဲ ကျသွားသူဟာ သူ့ဘာသာ ကိုးရို့ကားယား
ဖြစ်ပြီး ကျသွားတာပါ၊ သူ့နံဘေးမှာ ဘာမှ မမြင်ရပါဘူး၊ သူ့ပါးစပ်ကတော့
ကျနော့်ကို ဆွဲချနေပြီ ... လုပ်ကြပါအုံး ... ကယ်ကြပါအုံး ... စသဖြင့်တော့
အော်ပါတယ်၊ သူ့နံဘေးမှာ ဘာမှ မမြင်ရပါဘူး၊ ဒီလိုနဲ့ သင်္ဘောတစ်စီးလုံး
မြစ်လယ်ခေါင်မှာ ဗျောင်ဆန်နေပါတယ်။

အဲဒါနဲ့ တချို့လည်း ကယ်ပါ ... ယူပါ အော်ကြတော့ ခပ်လှမ်းလှမ်း ဖြတ်သွား
တဲ့ ငါးဖမ်းလှေတစ်စီးက ကမ်းဆီ အမြန်ပြေးသွားပြီး ဘုန်တော်ကြီးတစ်ပါးကို
ပင့်လာပါတယ်။ ဘုန်းကြီး ကြွလာတော့ နည်းနည်းလောက် သက်သာလာပါ
တယ်၊ လုံးလုံး မပြီးသေးပါ၊ ဒါနဲ့ ဆရာတော်က မေတ္တာသုတ်တွေ ဘာတွေ
ရွတ်ဖတ်လိုက်တော့ အမျိုးသမီးတစ်ဦးကို ၀င်ပူးပြပါတော့တယ်၊ ပြဿနာက
လူသေအလောင်း နှစ်လောင်း သင်္ဘောဆီ ကပ်လာတုန်းက သင်္ဘောကလူတွေ
ပြန်တွန်းထုတ်လိုက်တော့ လူသေအလောင်းကနေ လက်တစ်ဖတ် ပြတ်ပြီး
သင်္ဘောမှာ ငြိပြီး ကျန်ခဲ့တယ်လို့ အပူးခံရသူက ပြောပါတယ်၊ အဲဒီလက်ကို
ပြန်ဖြုတ်ပြီး ရေထဲ မျောပေးရင် ခြောက်လန့် ဒုက္ခပေးတာတွေ ရပ်မယ်လို့
ဆိုပါတယ်၊ ဒါနဲ့ လူသေကောင်ရဲ့ လက်တစ်ဖက်ကို ညကြီးမိုးချုပ် လိုက်ရှာ
တော့ သင်္ဘောနံဘေးအောက်မှာ ပြုတ်ထွက်ပြီး ချိတ်ကျန်ရစ်နေတာကို
ထူးထူးဆန်းဆန်း တွေ့ရပါတယ်၊ အဲဒီလူသေလက်ကို ဖြုတ်ပြီး ရေထဲ
မျောလိုက်မှပဲ သင်္ဘောလည်း နဂိုအတိုင်း အရာရာ ပြန်ပြီး အဆင်ပြေသွား
ပါတယ်။

ဇာတ်လမ်းလေးက ဒီလောက်ပါပဲ၊ အဲဒီသရဲ အခုထိ ရှိရော ရှိနေသေးလား
မပြောတတ်ပါဘူး၊ မြစ်ဆုံမှာ ရေကာတာကြီး ဆောက်ဖြစ်လို့ ဧရာဝတီမြစ်
ကြီးထဲ ရေမစီးတော့တဲ့ တစ်နေ့ကြရင် အဲလို သရဲတစ္ဆေတွေ ကုန်းပေါ်တက်
လာမယ်ဆိုရင် ဘယ်နဲ့ လုပ်ကြမလဲ ....

မှီငြမ်း ... ပျူနိုင်ငံ

သရဲ အားသွားရောက် စိန်ခေါ်မိသူ


ကျွန်တော့ အဖေက စစ်သားဆိုတော့ အဖေတာဝန်ကျရာနေရာကို ကျွန်တော်တို့ မိသားစုက လိုက်နေရပါတယ်…။ ဒါကြောင့် နေရာတော်တော်များများကိုကျွန်တော် ရောက်ဖူးပြီး မရိုးလှတဲ့ အတွေ့အကြုံ အသစ် များစွာကိုလည်း ရရှိခဲ့ရပါတယ်..။ကျွန်တော့်အနေနဲ့ အရင်တုန်းက ပြောခဲ့သလိုပါပဲ…၊ ကျွန်တော့်မှာ ထူးခြားတဲ့ ပါရမီခေါ်မလား..၊ကံပဲ နိမ့်တယ် ခေါ်မလား..၊ ကျွန်တော် ဟာ သရဲ၊ ၀ိဥာဉ် ၊ တို့ရဲ့ ခြောက်လှန့်ခြင်း ကိုအကြိမ်ပေါင်းများစွာ ခံခဲ့ရပါတယ်…။ဒီလိုဖြစ်ရပ်မျိုးတွေမှာ ကြောက်စရာသိပ်မကောင်းခဲ့တဲ့ဖြစ်ရပ်မျိုးတွေ ရှိပေမယ့် တစ်ချို့ဖြစ်ရပ်တွေကတော့အသည်းငယ်သူတွေအဖို့တော့သည်းချေပျက်နိုင်လောက်တဲ့ ဖြစ်ရပ်မျိုးတွေပါ…။ အဲ့ဒီထဲက ဖြစ်ရပ် တစ်ခုကို ကျွန်တော် ဒီပို့စ်လေးမှာ ဖောက်သည်ချပြီးပြောပြပါ့မယ်…။


ကျွန်တော့် အမေက ရှမ်းစစ်စစ်ပါ…။ စစ်သားဖြစ်တဲ့အညာသား အဖေက ရှမ်းပြည်နယ်ဖက်မှာ တာဝန်ကျရာ ကနေ အမေနဲ့ အကြောင်းပါခဲ့ပါတယ်..။ အမေ့ရဲ့ရွာဖြစ်တဲ့ မိုင်းယော်ဆိုတဲ့ရွာလေးက လားရှိုးကနေ မိုင် ၁၀၀ လောက် ကွာဝေးတဲ့ နေရာမှာရှိပါတယ်…။ တစ်နေ့မှာ… ရွာကို မရောက်ဖြစ်တာကြာပြီ ဖြစ်တဲ့ အမေက ရွာကို အလည်သွားမယ်..၊တစ်ခါမှ မရောက်ဖူးသေးတဲ့ ကျွန်တော့်ကိုလည်း အမျိုးတွေနဲ့ မိတ်ဆက်ပေးပြီး ခေါ်သွား မယ်လို့ပြောပါတယ်…။ ကျွန်တော်ကလည်း တစ်ခါမှ မရောက်ဖူးသေးတဲ့ ကိုယ့်ဆွေမျိုးတွေရှိရာ ရွာကိုသွား လည်ရမှာ ဆိုတော့ ပျော်လို့ရွှင်လို့ပေါ့ဗျာ…။အဲ့ဒီအချိန်တုန်းက ကျွန်တော့်အသက်ကက ၁၂ နှစ်သားအရွယ်လောက်သာ ရှိပါအုံးမယ်…။ မိုင်းယော်ဆိုတဲ့ ရွာကလည်း ကားလမ်းတောင် ကောင်းကောင်းမပေါက်သေးတဲ့ခေတ်မှာ အတော်ကို ခက်ခက်ခဲခဲ သွားလာ ရပါတယ်.. (အခုတော့ လမ်းတွေပေါက်ပြီး မြို့ တစ်ခုဖြစ်နေပါပြီ…)…။ ကားကို တစ်နေကုန် စီးလိုက်..ဗွက်နစ်ရင် ဆင်းတွန်း လိုက်…လုပ်ပြီး ၁၅ နာရီလောက်ကြာအောင်စီးလို့အပြီးမှာ အမေတို့ရွာ ကို ရောက်ပါတော့တယ်…။ကျွန်တော် ရွာကိုရောက်ပြီးမှ သိခဲ့ရတာကရွာက အယူသည်းမှုတွေကိုပါ..။ ထုံးစံ ဓလေ့လို့လည်း ပြောလို့ ရမှာပေါ့လေ…။ ဥပမာ - ဗိုက်ကြီးသည်ခရီးသည်ကို ရွာမှာရှိတဲ့ ဘယ်သူ့အိမ်မှာမှ ညအိပ်/ညနေ နေခွင့်မပြုပါဘူး..၊ အဲ့လိုပဲ လင်မယားခရီးသည်ကိုလည်းရွာမှာ တည်းခွင့်မပေးပါဘူး..။ တစ်ခြား အယူတွေ လည်းအများကြီးရှိပြီး အခုချိန်ထိတောင်ဒီအယူတွေ ရှိပါသေးတယ်…။ အဲ… ပိုဆိုးတာက… ရွာမှာ စုန်း.၊ ကဝေတွေ တတ်တဲ့ လူတွေလည်း အများသားဆိုပဲ…၊ အမေ ကတော့ သတိပေးတယ်..။ စကားပြောရင်သတိထားဖို့..၊ သူများတွေ စိတ်တိုအောင် မပြောဖို့..၊ အမြင်ကတ်အောင် မနေဖို့ ဘာညာပေါ့ဗျာ…။ ကျွန်တော်ကို့ အမေ သက်သက် ကြောက်အောင် ခြောက်ပြောတယ် ပဲ မှတ်နေခဲ့တာပါ..။ ကိုယ်တိုင်ကြုံမှပဲဒီအဖြစ်အပျက်တွေကို ကျွန်တော် ယုံကြည်ခဲ့ ရပါတော့တယ်….။


တစ်နေ့ ကျွန်တော့် ဦးလေးနဲ့ ရွာထဲလမ်းလျှောက်ထွက်လာရင်း သရဲမွေးတယ်လို့ နာမည်ကြီးတဲ့ အိမ်ကို ဦးလေးက ကျွန်တော့်ကိုအဝေးကနေ ပြပါတယ်..။ အိမ်က တဲကုပ်သာသာလေးဖြစ်ပြီး လူတွေနဲ့ ဝေးတဲ့ ရွာပြင်စပ်စပ်မှာတစ်လုံးတည်း တည်ရှိနေပါတယ်..။ ကျွန်တော် ဒီနေရာကို မှတ်ထားလိုက်တယ်..။ လူကလည်း ငယ်ငယ်…၊စူးစမ်းချင်စိတ်ကလည်းရှိတာမို့ ဒီနေရာ ကို ငါပြန်လာခဲ့အုံးမယ်လို့ စိတ်တေးထားလိုက်ပါတယ်..။ လူကြီးတွေ လစ်တဲ့ တစ်နေ့မှာ ကျွန်တော်အဲ့ဒီ အိမ်ကို ထွက်ခဲ့ပါတယ်..။ အချိန်ကတော့ နေ့လည်ကြီးပါ…၊ ညဘက်ထွက်ရအောင်တော့ ကျွန်တော်သတ္တိ မကောင်းပါဘူး..။ အဲ့ဒီတဲရှေ့ရောက်ပြီဆိုရင်ပဲ ကျွန်တော် ရပ်ပြီး သေချာကြည့်လိုက်တယ်…။ ဘာမှန်းမသိတဲ့ ၀မ်းနည်းတဲ့ ခံစားမှု တစ်ခုကို ကျွန်တော်ခံစားလာရပြီး ဒီအချိန်မှာပဲ ကျွန်တော့်တစ်ကိုယ်လည်းကြက်သီးမွေးညှင်းတွေ တဖြန်းဖြန်းထလာခဲ့ပါတယ်…။ ကျွန်တော် ကြောက်ကြောက်လန့်လန့်နဲ့ ခဲလုံးကိုကောက်ပြီးအိမ်ကို လေးငါးချက်လောက်ပေါက်လိုက်ပါတယ်…။ ပြီးတော့ သေးနဲ့လှည့်ပန်း လိုက်ပြီး "နင့်ကိုငါ မကြောက်ဘူးဟေ့…" ဆိုပြီးအော်ကာ အိမ်ကို ကျွန်တော် ထွက်ပြေးခဲ့ပါတော့တယ်…။ လုံးဝ မရပ်မနားပဲ အိမ်ကို တောက်လျှောက်ပြန်ပြေးခဲ့ရာမှာလမ်းမှာတော့ ကျွန်တော် တစ်ခါ ချော်လဲခဲ့ပါတယ်…။ ကျွန်တော် အဲ့ဒီနေ့ကစပြီး နောက်တစ်ပတ်အတွင်းဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ကျွန်တော် လုံးဝ မမှတ် မိတော့ပါ..။ အောက်ပါ ဖြစ်ရပ်များကအမေက ကျွန်တော့်ကို ပြန်ပြောပြခြင်းအား ရေးသားထားခြင်း ဖြစ်ပါသည်…။


ကျွန်တော် အိမ်ကို ချွေးတလုံးလုံးနဲ့ကမူးကတိုး ပြန်ပြေးလာပြီး အရမ်းကို မောဟိုက်နေပါတယ်..။ ကျွန်တော် ရှမ်းလို ရေသောက်ချင်တယ်လို့လှမ်းတောင်းပါသတဲ့ (ကျွန်တော် ခုချိန်ထိ ရှမ်းစကားလုံးဝကိုမတတ်ပါ..) အမေတို့ကတော့ အံ့သြလို့ပေါ့…။ အဲ့ဒီအချိန်မှာပဲ နောက်ဖေးမီးဖိုချောင်ထဲပြေးဝင်သွားပြီးအမဲသားရေခြောက် တွေကို အစိမ်းလိုက် ကိုက်စားနေပါတယ်..။ အမေတို့က ကျွန်တော့်ကို ၀ိုင်းပြီးချုပ်ပြီး မေးမြန်းကြပါတယ်..။ ဘယ်သွားခဲ့လဲ..? ဘယ်လုပ်ခဲ့လဲ ? ဘာစားခဲ့လဲ ဆိုတာတွေကိုပေါ့ဗျာ…။ကျွန်တော် ဘာမှကို ပြန်မဖြေပဲ ရုန်းပဲ ရုန်းနေပါသတဲ့..။ အမေပြောတာကတော့ အဲ့ဒီအချိန်မှာကျွန်တော်ဟာ ကျွန်တော်မဟုတ်တဲ့ တစ်ခြား တစ်ယောက် ဖြစ်နေတယ်ဆိုတာကိုပါပဲ…။ အမေတို့က ကျွန်တော့်ကို ဘုန်းကြီးတွေပင့်ပြီးကမ္မ၀ါဖတ်..၊ ပရိတ်ရွတ်လုပ်ပေးကြတယ်လို့ပြောပါတယ်..။ ကျွန်တော်ကတော့ မထူးခြားလာပါဘူး..၊နေ့တိုင်း နေ့ဘက်တွေဆိုငြိမ်ပြီး အိပ်နေတတ်ပေမယ့် ညသန်းခေါင်ချိန်ရောက် ရင် ထပြီး မီးဖိုချောင်ထဲမှာရှိသမျှ အသားစိမ်း၊ ငါးစိမ်းကို အကုန်စားပါသတဲ့..။ အထူးခြားဆုံးကတော့ ည (၁၂) ထိုးတိုင်းအိမ်ရှေ့ဟင်းလင်းပြင်ကိုထွက်ပြီး ရှမ်းသီချင်းအော်ဆိုကာ ရှမ်းအက ကို ကတော့တာပဲဖြစ်ပါတယ်…၊ အမေတို့ခမျာ ကြောက်ပြီး ဘယ်လို ခံစားနေရမလဲ စဉ်းသာ စဉ်းစားကြည့်လိုက်ပါတော့ဗျာ.။ နောက်ဆုံးလားရှိုးကိုပြန်ခေါ်ပြီး ကုဖို့ပဲ စီစဉ်ကြပါတော့တယ်…။


အဲ့ဒီအချိန်မှာ ဦးလေးဖြစ်သူက ကျွန်တော့်ကိုရွာစွန်က အိမ်ကို တစ်ခါခေါ်ပြဖူးကြောင်း ပြောပြလိုက်တော့ အဖိုး၊ အဖွားတို့ကို ဦးလေးဖြစ်သူကိုဆူပူကြိမ်းမောင်းလိုက်တာများ ဦးလေးခမျာ ငိုတောင်ငိုရတယ်လို့ ပြောပါတယ်.။ အဖြေက သေချာနေပြီလေ..ကျွန်တော် အခုလို ဖြစ်တာ အဲ့ဒီခြံရဲ့ လက်ချက်ပဲဆိုတာ..။အဘိုးက ချက်ချင်းပဲ အဲ့ဒီခြံကို ထွက်သွားတယ်..နောက်ကနေအဘွားက ငှက်ပျောပွဲ၊ အုန်းပွဲနဲ့ လိုက်သွားတယ်..။ ခြံရှေ့မှာ အဘိုးအပါအ၀င် အသက်ကြီးတဲ့လူကြီးလေးငါးခြောက်ယောက်လောက်က လက် အုပ်ချီပြီး ဘုရားစာမဟုတ်တဲ့ ရှမ်းဂါထာတွေကို သံပြိုင်ရွတ်ဆိုကြပါတယ်။ အဲ့ဒီအချိန်မှာပဲ အဲ့ဒီတဲထဲက အသက် (၈၀) လောက်ရှိပြီ ဖြစ်တဲ့ အဘွားအိုတစ်ယောက် ထွက်လာပါတယ်..။အမေပြောပြတဲ့ အဘွားအို ပုံစံကို ကျွန်တော် မမှတ်မိတော့ပါ..။ တော်တော့်ကို ကြောက်စရာကောင်းကြောင်းတော့မှတ်မိပါသည်..။ အဘွားအိုက ရှမ်းလို… "အေး..နောက်ခါငါ့အိမ်ဘက် လာမဆော့စေနဲ့..၊ ငါ့သားတွေက အရင်လို ငါ့စကား သိပ်နားမထောင်တော့ဘူး.."လို့ပြောပြီး ဆေးလေးတစ်လုံး လာပေးပါတယ်…ပြီးတော့ ချက်ချင်းပဲ အိမ်ထဲပြန်ဝင်သွားပါတယ်…။ကျွန်တော် ပြန်မှတ်မိတာကတော့ အဲ့ဒီဆေးသောက်ပြီးနောက်ပိုင်းကာလတွေကိုပါ..။ ကျွန်တော် ဒီတစ်ပတ်ထဲ ဘယ်ရောက်ပြီး ဘာတွေလုပ်နေသလဲဆိုတာကတော့တော်တော်ကိုပြောဖို့ခက်တဲ့ ကိစ္စတစ်ခုပါ..။ ကျွန်တော် မဟုတ်တဲ့ ကျွန်တော့်ကို ၀င်ပူးတဲ့ရှမ်းကောင်လေးက ဟို အဘွားကြီးရဲ့ ရေနစ်ပြီးသေသွားတဲ့ သားလို့လည်း ပြောကြပြန်ပါတယ်..။ ကျွန်တော်တော့ မစဉ်းစားတတ်တော့ပါဘူး..။အဘိုးတို့ ပြောကြတာကတော့ သူတို့က ဘယ်သူ့ကိုမှ ဒုက္ခမပေးတတ်ကြောင်း၊ သူ့တို့ဟာသူတို့နေကြတာဖြစ်ကြောင်းနဲ့ အဘွားကြီးမှာ ကျွန်တော့်အရွယ် သား (၃) ယောက်ရှိကြောင်း၊ ချောင်းထဲရေဆင်းကူးရင်း သုံးယောက်လုံး သေဆုံးသွားရာမှာ ကလေးတွေကို ခြံထဲမှာပဲ မြှပ်ထားကြောင်း၊ညဘက်ဆိုရင် အဲ့ဒီအိမ်မှ စကားပြောသံတွေ ကြားရကြောင်း ကျွန်တော် ပြန်ကြားသိရပါတယ်…။ကျွန်တော်နဲ့ အမေကတော့ ကျွန်တော် ဆေးသောက်လို့နေကောင်းပြီး နောက်တစ်ရက်မှာပဲ လားရှိုးကို ပြန်လာခဲ့ကြပါတယ်..။ အခုချိန်မှာတော့ ဒီလိုမျိုးကိစ္စတွေအဲ့ဒီရွာလေးမှာ မရှိလောက်တော့ပါဘူး..၊ အခွင့်အခါကြုံရင်တော့ နောက်တစ်ကြိမ်သွားလည် ဖို့ကြိုးစားလိုက်ပါအုံး မယ်ဗျာ….။


One of Admins
ခေတ္တ - ဝါးနက်ချောင်းကျေးရွာ၊ မှော်ဘီမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

ညောင်ပင်ပေါ်က လင်ဗန်း-(၁)


သရဲ အကြောင်းတွေ မရေးတော့ဘူးလား”
“သရဲ အကြောင်းတွေ အသစ်တင်ပါအုံး… ကိုဇူး” ဆိုတာတွေ ခဏခဏ ပြောကြလွှန်းလို့  ကျွန်တော် အခု ဒါလေးကို ရေးလိုက်တာပါ။ အမှန်တော့ ဟုတ်ပါတယ်။ ကိုယ်ဆိုဒ်မှာ အမြဲတမ်း Post တွေ
အသစ်တတ်နေဖို့ဆိုတာ ဆိုဒ်ပိုင်ရှင်ရဲ့ တာဝန်ပါ။ ကျွန်တော် တာဝန်မကျေပါ ဟီး။ ရေးမယ် ရေးမယ်နဲ့ အီလေးဆွဲနေတာလည်း ပါသပေါ့ဗျာ။ အခုတော့  ပျက်ကွက်ခဲ့ သမျှ အောက်ပါ Post နဲ့ ပြန်ဖြည့် ပါရစေ။
မှတ်မှတ်ရရ လွန်ခဲ့ တဲ့ ၂ နှစ်လောက်ကပါ။ ကျွန်တော် သူငယ်ချင်း (အလင်း)ရဲ့ အဖေက မေမြို့ အလွန်၊ မဟာအံ့ထူးကံသာ ဘုရားနားမှာရှိတဲ့ သူ့ရဲ့ခြံဟောင်းတစ်ခုကို ပြန်ဖေါ်တယ်။ ဥယျာဉ်ခြံစိုက်ဖို့လေ။ အဲဒီခြံက ၀ယ်ထားတာတော့ ကြာပါပြီ။ ဒါပေ့မယ် လူမနေ သူမနေဆိုတော့ဗျာ တော်တော်ကို ခြံက ရှုပ်နေတာ။ အဲဒါနဲ့ သူခြံကို ရှင်းဖို့ အရေး ကျွန်တော် ရန်ကုန်မှာ ရှိနေတဲ့ ကျွန်တော်ကို လှမ်းခေါ်တယ်။ ကျွန်တော်ကလည်း အားနေတဲ့ အချိန်ဖြစ်တော့ သွားကူတယ် ဆိုပါတော့ ။ မကူလို့လည်း မဖြစ်ပြန်ဘူးခင်ဗျ။ သူက ကျွန်တော် ငယ်ငယ်ကတည်းက အမွေစား၊ အမွေခံ အဖြစ် မွေးစားထားတာ။ တော်ကြာ သူခေါ်တာ မလာရ ကောင်းလားဆိုပြီး ကျွန်တော်ကို အမွေဖြတ်လိုက်မှ ဟီး ။ ကျွန်တော်က သူ့ကို “ပါးပါး” ပဲခေါ်တယ်။ သူ့မိန်းမကို “မားမား” ခေါ်တယ်။ မွေးစားတယ်ဆိုပေ့မယ့်လည်း အဖေအရင်းလို၊ အမေအရင်းလိုဖြစ်နေပါပြီ။ ပြီးတော့  “ပါးပါး” ရော၊ “မားမား”ေ၇ာက အသက်ကြီးနေပြီ။ သူတို့ အနေနဲ့ ခြံအလုပ်တွေ၊ အကြမ်းပတမ်းတွေ မလုပ်သင့်တော့ဘူး ထင်လို့ သွားတာလည်းပါတယ်။

သူ ကျွန်တော်ကို ခေါ်ရတဲ့ အကြောင်းရင်းက ဒီလိုဗျ။
သူ့တစ်ယောက်တည်း ခြံရှင်း၊ အပင်စိုက်၊ အလုပ်သမား ဦးစီးဆိုရင် မေမြို့ မှာ ရှိနေတဲ့ သူ့ရဲ့ အလုပ်တွေလည်း လစ်ဟင်းတယ်။ ပြီးတော့ ခြံထဲမှာ အပင်စိုက်ရင် ညအိပ်၊ ညနေ နေဖို့ကြတော့လည်း သူက မိန်းမနဲ့ သမီးနဲ့ဆိုတော့
အဆင်မပြေပြန်ဘူး။ အနော် ငဇူးကို ခေါ်လိုက်ရင် အဲဒါတွေ အားလုံးအဆင်ပြေတယ်။ သူက ခြံအတွတ် ကုန်ကျတဲ့ငွေ
ထုတ်ပေးယုံပဲလေ။ ကျန်တာက ကိုယ့်ဘာသာ ကိုယ်ဦးစီးသွားလို့ရတယ်။ ပြီးတော့  ကျွန်တော်ရောက်နေတယ်။ ခြံလုပ်နေတယ်ဆိုရင်လည်း သူငယ်ချင်းတွေက ၀ိုင်းကူကြမှာ။ အလုပ်သမားခ သိပ်ကုန်စရာမလိုဘူး။ ကျွန်တော်ပန်းခြံထဲက လူတွေကိုခေါ်ခိုင်းလို့တောင်ရတယ်။ အများဆုံးရှင်းရ တပတ်ပေါ့ဗျာ။ ။ လူများရင်ပြောပါတယ်။
လူနည်းနည်းနဲ့ ရှင်းရင် သေရချည်ရဲ့ ။

အဲဒီခြံရဲ့ တည်နေရာက မိုက်တယ်ဗျ။ ဥယျာဉ်ခြံလုပ်ချင်တဲ့ သူတွေအတွတ် တော်တော်ကို အဆင်ပြေတဲ့နေရာပါ။ မန်းလေး-လားရှိုး ကားလမ်းမကြီးဘေးမှာရှိတယ်ဗျာ။ ပြီးတော့ တောင်ကုန်းလေးအတိုင်း ခပ်ပြေပြေလေး အောက်ဘက်ကို ဆင်းသွားတယ်။ အရမ်းမိုက်တယ်။ ခြံထဲမှာလည်း အရိပ်ရအပင်တွေ အများကြီး၊ မနက်ခင်းတွေဆို စိမ့်နေအောင်ချမ်းတာ။
တော်တော်ကို နေချင်စရာနေရာလေးပါ။ တစ်ခုပဲ ဆိုးတယ်။ ခြံရဲ့ ဟိုဘက်က သင်္ချိုင်းကုန်းပါ ။ ဟီး။ အခုတော့ အဲဒီ သင်္ချိုင်းကုန်း ပျောက်ပြီး ခြံအသစ်တွေ၊ ဘာတွေ ဖြစ်နေပါပြီ။
ဒီလိုနဲ့ ခြံကို စရှင်းတဲ့ နေမှာ လူကတော်တော်ပင်ပန်းတယ်ခင်ဗျ။ ခြံပတ်ပတ်လည် ၀ါးတိုင်တွေ ကာထားတယ်။ နှစ်တွေကြာတော့ ဆွေးကုန်ပြီ။ အဲဒါတွေ အကုန် အစကနေ အဆုံးအရင်ပြန်လုပ်။ ပြီးတော့ ခြံထဲမှာ ရှိနေတဲ့ အောက်ခြေရှုပ်သော ပေါင်းမြက်တွေ အကုန်လိုက်ရှင်းနဲ့ တစ်ပတ်ကျော်ကျော်မှ ခြံက ပြီးတယ်။ သူငယ်ချင်းတွေလည်း ၀ိုင်းကူလို့ပါ။ မဟုတ်ရင် မလွယ်ဝူး။ ဘယ်က ဘယ်က နွယ်ပင်တွေမှန်းလည်း မသိ။ အဲဒါတွေလိုက်ရှင်းရတာပဲ တော်တော်ကြာတယ်။ အမြစ်ရှိတဲ့နေရာတွေထိ သွားပြီး မြေလှန်ပစ်ရတယ်။ တော်ကြာ ကိုယ်သီးပင်၊စားပင် စိုက်ပြီးမှ ပြန်ပေါက်လာလို့  ကိုယ့်ရှိတဲ့ဟာ ကုန်ရချည်ရဲ့ :D  ။

ခြံကို ရှင်းနေတဲ့ ရက်သတ္တပတ်ကာလလုံးဟာ ကျွန်တော် ခြံထဲမှာပဲ အိပ်၊ ခြံထဲမှာပဲ စားတာ။ ထမင်းဟင်းကိုတော့ အလင်းက လာပို့ပေးတယ်။ အဲဒီမှာ ကျွန်တော် သတိထားမိတာက စစခြံရှင်းတဲ့ ရက်ကတည်းက ကျွေးလိုက်တဲ့ဟင်းဗျာ။ သက်သက်လွတ်ချည်းပဲ။ ပဲဟင်း၊ ပဲငပိ၊ မုန်လာဥဟင်းချို။ အကြော်တွေကျပြန်တော့လည်း ပဲပင်ပေါက်ကြော်၊ ပန်းပွင့်ကြော်၊ စသဖြင့်ပေါ့ဗျာ။ အသီးအရွက်တွေချည်း လိမ့် ကျွေးတာ။ စစခြင်းနေ့တွေကတော့ သိပ်မသိသာဘူးပေါ့ဗျာ။
ရန်ကုန်မှာက ဒီလို အသီးအရွှက် ခုခူး၊ ခုကြော် ဆိုတာက ရှားမှရှားဟာကို။ ရေခဲသေတ္တာထဲ သိမ်းထား ကိုယ်စားချင်မှ ထုတ်ကြော်ဆိုတော့ ဘယ်လတ်ဆတ်လိမ့် မတုန်းနော့။ အဲဒီတော့ စစခြင်းနေ့တွေမှာ သိပ်မသိသာဘူးဗျ။ နောက်ပိုင်းမှာတော့ ရိုးလာတာပေါ့ဗျာ။ အီလည်း အီလာတယ်။အဲဒါနဲ့ အလင်းလာတော့ ကျွန်တော်ပြောတယ်။

“ဟဲ့၊ မားမားက ငါ့ကို ရန်ငြိုးများ ထားနေလားတိဝူးယော။
နေ့တိုင်း အသီးအရွှက် ရေလုံပြုတ်တွေချည်း လာနေတော့တာပဲ” လို့လေ။ အဲဒီတော့ သူက ဒီလိုပြောတယ်ခင်ဗျ။“ပါးပါးက ဒီခြံထဲမှာ နေတဲ့သူမှန်သမျှ သက်သက်လွတ်စားရမယ်။ အညှိ(အသားစိမ်း၊ ငါးစိမ်း) မသွင်းရဘူးလို့ ပြောတယ်ဟ” တဲ့။ သေယော။ မွေးစားအဖေအမိန့်ဆိုတော့ ကျွန်တော်လည်း မလွန်ဆန်ဝံ့ဖူး။ သူက စိတ်တိုရင် ကိုယ်ထက်ကြမ်းတယ်   ။

ဒီတော့ နောက်နေ့တွေမှာ ကျွန်တော် အလင်းကို ထမင်း၊ဟင်း လာမပို့ခိုင်းတော့ဘူး။ စားစရာရှိရင် အိမ်ပြန်စားတယ်။ ဘယ်လောက်မှ ဝေးတာမှ မဟုတ်တာ။ အများဆုံးသွားရ မြို့ထဲနဲ့ဆို လေးမိုင်ကျော်ကျော်ဟာ။ ဆိုင်ကယ်စီး ခဏပေါ့။
ဘယ် ဒုက္ခခံမလဲ။ ။ ကျွန်တော် သူငယ်ချင်းတွေလည်း ဒီလိုပဲ။ အိမ်ပြန်စားကြတယ်။ ပြီးရင် နာရီစင်နားက လက်ဖက်ရည်ဆိုင်မှာ ပြန်ချိန်း။ လက်ဖက်ရည်သောက်၊ ဈေးလာတဲ့ ဆော်တွေငမ်း ။ ပြီးရင် ခြံထဲသွားကြတယ်။
ခြံထဲမှာက အကုန်လုံးတော့ ရှင်းပြီးပြီ။ ပြီးတော့  တဲဆောက်ဖို့ ကျန်သေးတယ်။ အဲဒီဟာအတွတ် သူငယ်ချင်းတွေ စုပြီးဆောက်ကြတယ်ပေါ့။ ပါးပါးက သူ စိတ်ပြေ၊ လက်ပျောက်နေချင် နေလို့ ရအောင် ခိုင်ခိုင်၊ ခန့်ခန့် ထိုးဆိုတာနဲ့ 
ကျွန်တော်တို့လည်း ခြေတိုင်ရှည် တဲတစ်လုံးထိုးရတယ်။ ခြံလည်မှာထိုးတာပါ။ တဲထိုးပြီးတော့လည်း တာဝန်က ပြီးသေးတာမဟုတ်ဝူးနော်။ ခြံထိပ်ကနေပြီးတော့  တဲအထိ လမ်းဖေါက်ရတေးတယ်။ လမ်းဖေါက်တယ်ဆိုတာကလည်း မြေကမညီလို့၊ ညီသွားအောင် ငြှိတာပါ။ လမ်းကလည်းဗျာ။ ဖေါက်နေတာ အတည့်၊ အယ်…တော်တော်လေးလည်း ဖေါက်ပြီးရော ညောင်ပင်ကြီး ခံနေတော့တာပဲ။ ညောင်ပင်ကလည်း သာမန်ဆို မပြောလိုပါဘူး။ တော်တော်ကိုကြီးတာ။ လူကြီး လေးဖက်စာလောက်ရှိတယ်။ သာမန်အချိန်ဆိုရင်တော့ မပြောလိုပေမယ့် လူတွေက ပင်ပန်းနေပြီလေဗျာ။ ဟုတ်တယ်မလား။ အဲဒီတော့  ညောင်ပင်ကို ကွေ့ပတ်ပြီး ဖေါက်ဖို့ကို တော်တော်ကို စဉ်းစားနေရတယ်။ မလုပ်ချင်တော့ ဘူးလေ။ အနော်လည်း မလုပ်ချင်တော့ဘူး။ ဒါပေ့မယ် ပါးပါးက ဒီနေ့ အပြီးနော် ဆိုပြီး အမိန့်ပေးထားတော့လည်း မလုပ်လို့က မရ။ အဲဒါနဲ့ ကျွန်တော် လူတွေကို ဒီလိုမြူဆွယ်ရတယ်။
“ဆင်ကောင်လုံးဝင် အမြှီးကျမှ တစ်ကွာ၊ အားလုံးပြီးတော့မှာ ဒါက ကပ်ခံနေသေးတယ်။ ကဲပါဗျာ။ ဒီနေ့ပြီးအောင် လုပ်လိုက်ကြတာပေါ့။ နောက်နေ့ည ပွဲခံမယ်ဗျာ။ အောင်ပွဲ အနေနဲ့ နော်” ဆိုပြီး မြူဆွယ်သံလေးလည်းထည့်၊ တောင်းပန်သံလေးနဲ့လည်း ပြော၊ မျက်နှာကိုလည်း သူတောင်းစားလို သနားစဖွယ်လုပ်ပြမှ အဲဒီလမ်းက ညောင်ပင်ကို ကွေ့ပတ်ဖောက်လို့ ပြီးတော်မူတယ်။ လေဒယ်။ အဟုတ်။

အဲဒါနဲ့ နောက်တစ်နေ့ မနက်မှာ ကျွန်တော်တို့ ခြံထဲကို “ပါးပါး” က လာကြည့်တယ်။ ကျွန်တော်တို့ အားလုံး ကြိုးကြိုးစားစား လုပ်ထားတာဆိုတော့ သူက မပင်ပန်းရပဲ သဘောကျတော်မူတယ်လေ။ ပြီးတော့ ကျွန်တော်ကို သူက အိမ်မှာ လိုက် အိပ်ဖို့ခေါ်တယ်။ ကျွန်တော်က ဘယ်လိုက်လိမ့်မတုန်း။ ဒီညက ပါတီပွဲလုပ်မှာလေ။ မူးကြမှာ ။ လိုက်ပါဝူး။ အဲဒါနဲ့ “ခြံအောက်ပိုင်း ရှင်းဖို့ နည်းနည်းကျန်သေးလို့” ဆိုပြီးနေခဲ့ရတယ်။ သူလည်း ပြန်ရော အသားဝယ်တဲ့သူက၀ယ်၊ အရက်ဝယ်တဲ့လူက၀ယ်။ အကင်လုပ်စားမယ်ဆိုတဲ့ လုတွေကလည်း အကင်စက်တွေ ဘာတွေပြန်ယူပေါ့ဗျာ။ သူငယ်ချင်းတွေက မီးစက်တွေဘာတွေတောင် မလာတယ်။ ရုပ်ရှင်ကြည့်မယ်။ သီချင်းဖွင့်မယ်။ မီးပုံပွဲ လုပ်မယ်ဆိုပြီး ။ ပြီးတော့ ညပွဲ အတွတ် ပြင်ကြ၊ ဆင်ကြပေါ့ဗျာ။ ကျွန်တော်က နည်းနည်း အားနေတာနဲ့ နေ့လည်ပိုင်းလောက်မှာ လမ်းဖေါက်တုန်းက ခံနေတဲ့ ညောင်ပင်အောက်မှာ ကွပ်ပြစ်လေး သွားရိုက်ဖြစ်တယ်။ ဘာရယ်၊ ညာရယ် ဟုတ်ပါဝူး။ ဒီလိုပဲ အားနေတာနဲ့ ရိုက်ထားလိုက်တာ။ ပြီးတော့ ရေအိုးစင်တင်ဖို့လည်း တွေးမိတယ်။ ဒါက ကျွန်တော်လုပ်ခဲ့တဲ့ ခြံတိုင်းမှာ ဒီလို အပင်ကြီးကြီးတွေ့ရင် ကွပ်ပျစ်လုပ်ပြီး၊ ရေအိုးစင်တင်တာက အကျင့်ဖြစ်နေပြီ။
ကွပ်ပျစ်က ထိုင်ချင်ထိုင်၊ အိပ်ချင်အိပ်။ အိပ်ပြီးထရင် ရေအိုးစင်က ရေသောက် ပြီးရင် ပြန်အိပ် ။ ရာသီဥတု ပူရင်ပြောပါတယ် ဟီး။

ဒီလိုနဲ့ ညနေစောင်းတော့  ကျွန်တော်တို့ ပါတီပွဲလေး အသက်ဝင်လာတယ်။ အကင်လုပ်တဲ့သူကလည်း ညနေကတည်းက ကင်နေတာလေ။ အချည်ရည် လုပ်တဲ့ အဖွဲ့လည်းက ရှယ်လုပ်ထားတာ။ ဘီယာကလည်း စည်နဲ့ ။ အရက်ကလည်း ဖာလိုက်။ ကုန်ကျစရိတ်က အနော်စိုက် ။ အဟုတ်။ အဖိုးကြီး(ပါးပါး) ကဗျာ။ သူ့ခြံလှရင် ငဇူးပြန်တော့ ဆိုတာချည်းပဲ။ မဟုတ်ရင် သူ့သမီးကို ဟိုခေါ်၊ ဒီခေါ်နဲ့ လျှောက်လစ်နေမှာဆိုးလို့။ ပြီးတော့ အနော်သူ့ဆီမှာ နေတယ်ဆို သူတာဝန်ကြီးတယ်ဆိုပဲ ။ အဲဒီလို ချစ်တာ ကျွန်တော်ကို။ အခုလည်း ခြံနဲ့ ပတ်သတ်တဲ့ ကုန်ကျစရိတ်သာ သူထုတ်တာ။ ဒီလို အလုပ်သမားတွေနဲ့ ပွဲခံတာကြတော့ လုပ်တာမဟုတ်ဝူးရယ်။ သူကလည်း လူဂွစာ။ သူကို စကားပြောရင် ပြန်ပြောချင်မှ ပြောတာ။ အကောင်းသွားပြောရင်လည်း ဆဲလွှတ်ရင်လွှတ်တာ။ ပေါင်းရခက်၊ မပေါင်းရခက်။ အဟုတ်လေ။ တော်တော် ညစ်ဖို့ကောင်းတယ်။ အနော်နဲ့တော့ အဆင်ပြေပါတယ်။ သူ ဆုံးမရင် “ဟုတ်။ မလုပ်တော့ဘူး” ။
ကွယ်ရာဆို ရှိတယ်လို့တောင် မထင်ဝူး ။ လုပ်ချင်ရာ လုပ်တာ။ အခုတော့ ဒီပါတီပွဲကို အနော်ပဲ အစအဆုံး အကုန်ကျခံရတယ်။ ကိုယ်မှာရှိလို့လုပ်တာတော့ မဟုတ်ပါဘူး။ အလင်းဆီက ပြန်ချေးထားတာ ။ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တဲ့ ပါတီပွဲပေါ့ဗျာ ဟီး ။ ဒီလိုနဲ့ ပါတီပွဲမှာ စားကြ၊ သောက်ကြ၊ ခုန်ကြ၊ မြူးကြနဲ့ တော်တော် ညဉ့်နက်သွားတယ်။ လူတွေကလည်း များတယ်။ သူငယ်ချင်းတွေရော။ သူငယ်ချင်းတွေရဲ့  သူငယ်ချင်းတွေယော။ အလုပ်သမားတွေရဲ့ သူငယ်ချင်းတွေရော။ ဘာတွေမှန်းမသိပါဘူးဗျာ။ အများကြီးပဲ။ ကိုယ်သိတဲ့လူလည်း ရှိတယ်။ ကိုယ်မသိတဲ့လူလည်း ရှိတယ်။ ကျွန်တော်ကိုတော့ လာလာပြီးတော့ မိတ်ဆက်ကြပါတယ်။ ကိုယ်က မူးနေတာက ရေချိန်လွန်နေတော့  ဘယ်သူပါလို့ ၊ ဘယ်သူတွေလာမှန်းကို မသိတော့တာ။ လူတွေကလည်း နောက်ပိုင်းမူးလာတော့
မိတ်ကို မဆက်တော့ ဘူး။ ဇွတ်စား၊ ဇွတ်သောက်နေကြတာကိုး။ ကိုယ် ဒီလိုပဲ။ အရက်ပဲ မဲပြီးသောက်နေတော့ တာနောက်ပိုင်းမှာ ။

ဒီလိုနဲ့ ကျွန်တော် ဘယ်လိုအိပ်ပျော်သွားလဲ၊ မသိပါဘူး။ တဲဝမှာက တာလပတ်တွေခင်းထားတာလေ။ အဲဒီမှာပဲ ထိုင်သောက်နေရင်း အိပ်ပျော်သွားတာ။ ကိုယ် နိုးလာတော့  ၁၁ ခွဲလောက် ရှိနေပြီ။ အားလုံးက သေနေတာ။ ကျွန်တော် ဆီးသွားချင်လို့နိုးလာတာပါ။ အဲဒါ ဒယိမ်းဒယိုင်နဲ့ အပေါ့ထသွားတုန်း။ လူတစ်ယောက်တွေ့တယ်ဗျ။ ဒီလူက တော်တော် သောက်စားပုပ်တဲ့လူဗျာ။ အကင်တွေက အများကြီးကျန်သေးတာကိုး။ အဲဒါကို သူတစ်ယောက်တည်း
ဗန်းကြီးတစ်ချပ်ထဲမှာ ထည့်ပြီး တုတ်နေတာ။ ပက်စက်တယ်နော်။ စားချက်ကလည်း။ မြင်မကောင်းဘူး။ အီသီယိုးပီးယားကလာတာ ကြနေတာပဲ။ ပလုပ်ပလောင်းကို ထည့်နေတာ။ အနော်ကလည်း ဆီးတအားသွားချင်နေတော့ သူ့ကို တစ်ချက်ကြည့် ပြီး ဆက်မကြည့် ဖြစ်တော့ ဘူး။ အဲဒါ အမှောင်ထဲကို တော်တော်လေး သွားပြီး ရှူးရှူးဖလားဝါးလိုက်ရတယ်။ လူက တော်တော်လေးတော့ နေသာထိုင်သာ ရှိသွားတယ်။ ဒါပေ့မယ့် အမူးက မပြေသေးဘူး။ ပါတီပွဲ ပေးနေတုန်းမှာ ၀ယ်ထားတဲ့ ၀ီစကီတွေ ကုန်သွားလို့ သူငယ်ချင်းတစ်ယောက်က တောအရက်တွေ ပုံးလိုက်ယူလာတယ်လေ။ ။ အဲဒီဟာတွေလည်း ကစ်ထားတော့ လူက တော်တော်နဲ့ကို အမူးက မပြေဘူး။ ဒီလိုပဲ ဒယိမ်းဒယိုင်နဲ့ ကိုယ်အိပ်တဲ့နေရာနားကို ပြန်လာပြီးတော့ လှဲနေလိုက်တယ်။ ကောင်းကင်ကိုကြည့်တော့ ကြယ်တွေက လည်နေတယ် ။ ဟ…ငါ အမူးမပြေသေးပါလား ဆိုပြီး ခေါင်းကို ဟိုလှည့်ဒီလှည့် လုပ်နေတုန်း။ ခုန သောက်စားပုပ်တဲ့ လူဆီကို မျက်စိက ရောက်သွားတယ်။ ဒီဘဲက စားနေတုန်းနော် လုံးဝကို မပြီးသေးဘူး။ သူ့ ကို ကျွန်တော် ဂရုတစိုက်ကြည့်နေတာ၊ သေသေချာချာကြည့်နေတာပေါ့နော်။ ဒီဘဲက အသွင်းပဲ ရှိတယ်နော်။ ပါးစပ်ထဲက အထုတ်ကိုမရှိဘူး။ အဟုတ်။ ဒီလိုဗျာ။ ငါးကင်စားတယ်ဆိုပါစို့၊ အရိုးလေးဘာလေးတော့ ထွေးပေါ့ဗျာ။ ဘယ်နှယ့် မထွေးဘူးဗျို့။ “ဂလု” ဆိုတာချည်းပဲ။   ။ ကျွန်တော်လည်း တော်တော်လေးသောက်မြင်ကပ်လာတာနဲ့။
“ဟေ့ လူ။ ခင်ဗျားက ဘာလဲ၊ နည်းနည်းပါးပါးတော့ ထွေးထုတ်ဗျနော်။ စားတာကို မပြောလိုဘူးနော်။ အရိုးနင်ပြီး ခင်ဗျားသေရင် ခြံနာတယ်။ စားတော့ စား၊ ကြည့်စား” ဆိုပြီး ငေါက်လိုက်တယ်။ ကျွန်တော်ပြောတဲ့ အသံကလည်း မူးနေတော့  အာလေး၊ လျှာလေးပေါ့ဗျာ။ ဒီဘဲကလည်း ကျွန်တော် အသံကြားတော့ လှည့် ကြည့်တယ်။ အဲဒီမှာ သူ့မျက်လုံးက နီတွတ်နေတာဗြဲ။ မျက်နှာကလည်း ဘယ်လို သောက်ခွက်မှန်းမသိဘူးဗျာ။ သိလား။ မမြင်ဖူးဘူး။ အဲဒီလိုလူမျိုး။ နည်းနည်းတောင် လန့် သွားတယ်။ ဘယ်လိုခေါ်မလဲဗျာ။ လူတစ်ယောက်မျက်နှာပုံစံကို ပန်းပုထုတယ်ဆိုပါစို့။ အဲဒီပန်းပုရုပ်ကို အချောမသတ်ရသေးတဲ့ ပုံစံမျိုးနဲ့။ လူမျက်နှာတော့ လူမျက်နှာပဲ။ ဒါပေ့ မယ့် ကြည့်မကောင်းဘူးရယ်။ အဲဒါကို မြက်ဦးထုပ်ကလည်း ဆောင်းထားသေးတယ်။ ဒီဘဲကလည်း ကျွန်တော်ကို သေသေချာချာကြည့်တယ်။ ပြီးတော့ “အဟဲ” တဲ့  ရီပြတယ်ဗျ။ အနော်လည်း တော်တော် သနားသွားတယ်။
အား…ဒီလူ တော်တော် ဘ၀အကျိုးပေး နည်းတဲ့လူပါလားလို့လေ။ မျက်နှာကို ဦးထုပ်နဲ့တောင် ဖုံးထားရတယ်။ လူမြင်မှာဆိုးလို့  ဆိုပြီးလေ။ ကိုယ်လည်း သနားလာတာနဲ့။ သူကို
“ကဲ…ကိုယ်တော် စားချင်သလောက်သာ စား…အနော်တော့ ခလော ပီ..ဘိုင်” ဆိုပြီး မျက်စိနှစ်လုံးကို ပိတ်ချလိုက်တယ်။
လူလည်း အိပ်ပျော်သွားတယ်။

လူက ဘယ်လောက် အိပ်ပျော်သွားလဲ မသိပါဘူး။ မနက်မိုးလင်းတော့ ဆူဆူညံညံ အသံတွေကြားတာနဲ့ အနော်လည်း နှိုးလာတယ်။ သူငယ်ချင်းတစ်ယောက်ပါ။ နာမည် စံလင်း။ ဒီကောင်ဗျာ။ မနက်စောစော စီးစီး သောင်းကျန်းနေတယ်။
လူတိုင်းကို လိုက်နှိုးပြီး ပြသနာလုပ်နေတာ။ အနော်လည်း ညက သောက်တာများတော့ ခေါင်းထဲမှာ ကိုက်တာလေ။ ပြောမနေပါနဲ့။ အသေပဲ။ အဲဒါ ခေါင်းကိုက်ရက်နဲ့ ပဲ သူဆီကို သွားပြီး  ဘာဖစ်တာလဲ သွားမေးရတယ်။ ဒီကောင်က ညက အသားကင်တွေ အများကြီးပါတဲ့။ ဘယ်သူ စားပလိုက်တာလဲတဲ့။ တင်းနေတယ် သူက။ အသားကင်တွေ ပျောက်ကုန်လို့လေ။ အဲဒါနဲ့ ကျွန်တော်က ညက လူတစ်ယောက် အကုန်တီးနေတာတော့ တွေ့ တာပဲလို့ ပြောလိုက်တယ်။
အဲဒီမှာ ဒီကောင်က ပြသနာရှာတော့တာပဲ။ ဒီလောက် အများကြီးကွာ။ တစ်ယောက်တည်းစားရင် မကုန်ပါဘူး။ ဘာညာနဲ့ တောအရက်တွေလည်း မရှိတော့ဘူးပေါ့နော်။ ဘာဆို ဘာမှ မရှိတော့တာတဲ့။ အဲဒီမှာ အိပ်နေတဲ့သူတွေလည်း အားလုံးနိုးလာပြီ။ ပြီးတော့ ဘာဖြစ်တာလဲ၊ ဘာညာနဲ့ ၀ိုင်းမေးတာနဲ့။ ကျွန်တော် မနေ့ညက စားနေတဲ့သူရဲ့ ပုံစံကို ပြောပြရတယ်။
အဲဒီတော့ တစ်ယောက်က ထပြောတယ်။
“အာ…အဲဒီလို ပုံစံမျိုး ငါတို့ ထဲမှာ မရှိပါဘူးဟ၊ ငဇူးကလည်း သေသေချာချာ မကြည့်ပဲနဲ့၊ နင်တော်တော်မူးပြီး လျှောက်တွေ့တာ ဖြစ်မယ်” တဲ့။
နောက်တစ်ယောက်က….
“အာ… အဲဒီလူလား။ ငါညက ဆီးထသွားတော့တွေ့တယ်။ ခြံစောင့်ထင်လို့ ဘာမှ မပြောတာ။ ဟုတ်တယ်။ သူစားတာဖြစ်မယ်။ သူလာတာတော့ ခြံဝ ဘက်က ထွက်လာတာပဲ” တဲ့ ။

အဲဒီမှာ ကျွန်တော်လည်း တော်တော် ခေါင်းမူးသွားတယ်။ ဘယ်နှယ့် တစ်ယောက်၊ တစ်ပေါက်နဲ့။ ဟိုလူက တွေ့တယ်။ ဒီလူက မတွေ့ဘူး။ ဘာတွေမှန်းလဲမသိဘူး။ အသားပဲဗျာ။ စားရင် ကုန်မှာပေါ့။ မကုန်လည်း မနက်ကျရင် လွှတ်ပစ်ရမှာချည်းပဲ။ အကင်တော့ မပြောတတ်ဘူး။ ဟိုစံလင်း ဆိုတဲ့ မသာကလည်း သူ့ မနက် တီးမို့ လိုက်ရှာတာ။ အကုန်ပျောက်နေလို့ ပြသနာရှာတာ။ ကျွန်တော်လည်း လူတွေ အများကြီး တစ်ယောက်တစ်ပေါက် ငြင်းနေတော့…တော်တော် အာရုံနောက်လာတာနဲ့….
“ဘာလဲကွာ။ ဘာငြင်းနေတာလဲ။ အသားပဲ စားရင်ကုန်မှာပေါ့။ ဘယ်သူစားစား။ ထားလိုက်တော့။ ဒါပြသနာမဟုတ်တာ။ မဟုတ်လည်း လွှင့်ပစ်ရမှာကို။ စံလင်း မသာ။ နင်က တစ်မျိုး” ဆိုပြီး အော်ပလိုက်တယ်။ ဟုတ်တယ်လူက တော်တော်ကို ခေါင်းကိုက်နေပြီ။ အဲဒီတော့မှပဲ လူစုကွဲတော်မူတယ်။ မဟုတ်ရင် ဘယ်လောက်ထိ ငြင်းနေကြအုံးမလဲမသိဘူး။

လူက သောက်လို့၊ စားလို့ ပြီးတိုင်း ပြီးတာမဟုတ်တော့ ခက်တယ်ဗျာ။ အခုလည်း မနေ့ည လုပ်ခဲ့တဲ့ ပါတီပွဲက အမှိုက်၊ သရိုက်တွေက တဲရှေ့မှာ မြင်မကောင်းဘူး။ အဖိုးကြီးလာလို့ ဒါတွေမြင်ရင် ဆဲမှာ။ အဲဒါနဲ့ အမှိုက်တွေ ရှင်း၊ ပြီးတော့ အသားကင်တဲ့ဟာတွေ၊ မီးစက်တွေ၊ တီဗွီတွေ၊ အကုန် ပြန်ပို့။ စားသောက်ထားတဲ့ ပန်းကန်တွေလည်း မနက်မှ ဆေး။ ဒီလိုတွေ လုပ်ကြရတယ်။ အဲဒီအချိန်မှာ လူတွေက ပြန်ကုန်ပြီ။ ခြံထဲမှာ ရှင်းလင်းတဲ့ အလုပ်သမားတွေရယ်။ ကျွန်တော်ရယ်။ စံလင်းနဲ့ သူငယ်ချင်း နည်းနည်းပဲ ကျန်ခဲ့တယ်။ ကိုယ်လည်း ခေါင်းကိုက်ကိုက်နဲ့ပဲ၊
အုန်းတံမြက်စည်းတစ်ချောင်းယူပြီး တဲရှေ့ကို လှည်းကျင်းနေလိုက်တယ်။ ကျန်တဲ့သူတွေက ပန်းကန်တွေသိမ်း။ ခွက်တွေသိမ်းပေါ့ဗျာ။ အမှန်ဆို ကျွန်တော်က ဒီနေ့ မြို့ထဲပြန်ရမှာ အဖိုးကြီးက အတင်းခေါ်နေပြီလေ။ ပြီးတော့ ကိုယ့်ခြံကိစ္စကလည်း ရှိသေးတော့ မပြန်လို့က မဖြစ်ပြန်ဘူး။ အဲဒီမှာ ပြသနာက စပါလေယော။ ကြီးကြီးကျယ်ကျယ်တော့
မဟုတ်ပါဘူး။ ပန်ကန်တွေ သိမ်း၊ ခွက်တွေ သိမ်းလုပ်နေတဲ့ သူက သူတို့ ဟာတွေကို စစ်နေကြတယ်လေ။ ပန်ကန်က ဘယ်နှစ်ချပ်၊ ခွက်က ဘယ်နှစ်လုံ။ လင်ဗန်းက ဘယ်နှစ်ချပ်။ ဒီလိုပေါ့ဗျာ။ အဲဒီမှာ “လင်ဗန်းတစ်ချပ်” က ပျောက်နေတယ်။
အသားကင်ထည့်တဲ့ လင်ဗန်းပါ။ ကျွန်တော်တို့က ကင်ပြီးတော့ ဗန်းလိုက်သွားချပေးတာကိုး။ အဲဒီလင်ဗန်းတွေက အနော်သူငယ်ချင်း နန်းကြိုင် ဆိုတဲ့ ကောင်မလေးက ငှားထားတာ။ သူက မနက်ကျတော့ သူဟာတွေ လာသိမ်းတယ်။
သူက လင်ဗန်းပျောက်တာကို အော်ကြီး၊ ဟစ်ကျယ်နဲ့။

“ဟဲ့။ ငဇူး။ လင်ဗန်းတစ်ချပ် ရှာမတွေ့ဖူး။ ပျောက်ပြီထင်တယ်။ နင်ငါ့ဆီက ငှားတုန်းက မကွဲ၊ မရှ၊ မပျောက်စေရပါဘူးဆို၊
ခု ဘယ်လိုဖြစ်တုန်း” ဘာညာနဲ့ဗျာ။ လူကို လာအော်နေတာ။ သူနဲ့ကလည်း ဘော်ဒါအရင်းကြီးတွေ။ သူ့ အကြောင်းကိုယ်သိ၊ ကိုယ်အကြောင်း သူသိ ဆိုတော့။ သူ ဒီလိုပဲ အာပြဲ တာ သိနေတော့။ ကျွန်တော်လည်း“အာ..လာအော်မနေနဲ့။ “က” သား ငါးရာ လာတဲ့ဟာကို။ နင့်ဟာမပျောက်ပါဘူး။ ရှိမှာပါ။ ပျောက်ရင်လည်း ဈေးထဲက ပြန်ဝယ်လိုက်၊ ငါခေါင်းကိုက်နေတယ်။ ဒါဗြဲ” ဆိုပြီးပြောလိုက်တယ်။ ရိုးရိုးပြောတာတော့ မဟုတ်ပါဘူး။ ပြန်အော်ထည့်လိုက်တာ။ လူက ဒီမှာ ခေါင်းကိုက်နေတာတစ်မျိုး၊ သူတို့က တစ်မျိုးဆိုပြီးလေ။ နန်းကြိုင်ကတော့ သူပစ္စည်းပျောက်လို့ ဆိုပြီး အနော်ကို အမျိုးမျိုးတုတ် တော့ တာပါပဲ။
ငဇူး။ ငမူး။ သောက်ကောင်။ ပြောတော့ တစ်မျိုး၊ လုပ်တော့ တစ်မျိုးပေါ့ဗျာ။ စသဖြင့်ပေါ့။ တုတ်တာ။ သူက ငယ်ငယ်ကတည်းက ဒီလိုပဲ တုတ်နေကြဆိုတော့ အနော်လည်း ဒီလိုပဲ ထားလိုက်တယ်။ ပြီးရင်တော့ ပြီးသွားတာပါပဲ သူက။ နှုတ်ကြမ်းတာလေးတစ်ခုပဲ။ ကျန်တာ အကုန်ကောင်းတယ်။ ဟီး စိတ်ရင်းပြောပါတယ်။
သူက အနော်ကိုလည်း တုတ်ရင်း၊ သူ့ပစ္စည်းတွေလည်း သိမ်းရင်းပေါ့ဗျာ။ အားလုံးလည်း သိမ်းပြီးရော။ သူ့ဆိုင်ကယ်မှာ သေသေချာချာ ကြိုးနဲ့သိုင်းပြီး။ ကျွန်တော်ကိုတောင် နှုတ်မဆက်ပဲ။ “၀ူး” ခနဲ ဆောင့်ကြီးအောင့်ကြီးနဲ့ ဆိုင်ကယ်မောင်းပြီး ထွက်သွားပါယောလား။ ကျွန်တော်လည်း မြင်ပါတယ်။ သူစိတ်ဆိုးသွားမှန်းလည်း သိပါတယ်။ နောက်မှပဲ ချော့တော့ မယ်ဆိုပြီး တဲထဲဝင်ပြီး အိပ်နေလိုက်တယ်။

တဲ ထဲဝင်ပြီး လဲယုံပဲ ရှိသေးတယ်ဗျာ။ ခြံရှေ့ နားက “၀ုန်း” ခနဲ။ အသံနဲ့အတူ။ “အောင်မြတ်လေး” ဆိုပြီး နန်းကြိုင်ရဲ့ စူးစူးဝါးဝါး အော်သံပါကြားလိုက်တယ်။ အနော်လည်း ဘာဖြစ်တာလဲဆိုပြီး တဲဝထွက်ကြည့်တော့…လားလား…နန်းကြိုက်ဗျို့။ ခြံဝကို ထွက်တဲ့လမ်းက ညောင်ပင်ကြီးရှေ့ မှာ ဆိုင်ကယ်ကြီးလှဲလို့။
သူတင်သွားတဲ့ ပန်းကန်တွေခွက်တွေလည်း ပြန့်ကျဲနေတာပဲ။ ချက်ခြင်းပဲ ကျွန်တော် အဲဒီနားကို ပြေးသွားရတယ်။ နည်းနည်းတော့လှမ်းတယ်။ ဟိုရောက်တော့ နန်းကြိုင်က ဆိုင်ကယ်ပိနေတယ်။ အဲဒါနဲ့ ဆိုင်ကယ်ကို အရင်မ၊ သူ့ကို ဆွဲထုတ်။ အိတ်ဇောက သူ့ခြေသလုံးကို ပိသွားတယ်။ ရစရာမရှိဘူး။ စုတ်ပြတ်သွားတာ။ ခြေသလုံးအသားကလေ။ သူက ဆိုင်ကယ်မှောက်တော့ တော်တော်လန့်နေတဲ့ပုံစံနဲ့။ ကျွန်တော်က သူ့ကို ဆွဲထူတော့ ငိုတော့တာပါပဲ။

ဘာဖြစ်တာလဲဆိုတော့။ သူက ပြောတယ်။ သူဆိုင်ကယ်စီးလာတုန်း ပုံးပြာကြီးနဲ့ လှမ်းထုတယ်တဲ့။ ဟုတ်လည်း ဟုတ်တယ်။ သူ့ဆိုင်ကယ်နားမှာ ကျွန်တော်တို့ညက သောက်တုန်းက တောအရက်တွေ သယ်လာတဲ့ ပုံးအပြာရောင်တစ်ခုတွေ့တယ်။ ဘယ်သူထုတာလဲဆိုတော့။ သူက ညောင်ပင်ပေါ်ကို လက်ညိုးထိုးပြသဗျှ။ အနော်လည်း ယောင်ယမ်းပြီး ညောင်ပင်ပေါ်တောင် မော့ကြည့်လိုက်သေးတယ်။ ဘယ်နှယ့် ညောင်ပင်ပေါ်က ပုံးနဲ့ထုရတယ်လို့ မကြားဖူးပေါင်ဗျာ။ အဲဒါနဲ့ …
“နင်ဟယ်…မဟုတ်က၊ ဟုတ်က။ ကိုယ်ဘာသာကိုယ် မထိမ်းနိုင် မသိမ်းနိုင် ဆိုင်ကယ်မှောက်တာကို ညောင်ပင်က ပုံးနဲ့ထုရအုံးမလား” လို့ မေးမိပါတယ်။ အဲဒီမှာသူက တုတ်တော့တာပါပဲ။ ဒုတိယံမိ အတုတ်ခံရခြင်းလေ။ တစ်နေ့တည်း နှစ်ခါ။ သူကို အဲဒီလိုပြောရမလားဆိုပြီးတော့ပေါ့နော်။ ညောင်ပင်ပေါ်က အဲဒီပုံးလိမ့်ဆင်းလာတာပေါ့။ သူ့ဆိုင်ကယ်ရှေ့ကို
အဲဒါသူက ရှောင်လိုက်တော့ ညောင်ပင်ဘက်ကို ဆိုင်ကယ် ဟန်တယ်က ၀င်သွားပြီး မှောက်တာတဲ့။ အနော်ကတော့ သူပြောတာ ဟုတ်၊ မဟုတ် မသေချာတော့။ ညောင်ပင်ပေါ်ကိုပဲ သေသေချာချာလိုက်ကြည့်နေလိုက်တယ်။ အမှန်က အမှုပတ်မှာ ကြောက်တာလည်းပါတယ်။ သူ့ ဘာသာသူ ဆိုင်ကယ်မှောက်တာ၊ ပြီးတော့ သူ့ပစ္စည်းတွေ ကွဲတဲ့ဟာ ကွဲကုန်ပြီလေ။   အဲဒါအနော်ကို လှည့် လျော်ခိုင်း ဘယ်နှယ့်လုပ်မတုန်း။ သူကပြောလို့ရတာမဟုတ်ဘူး။ “နင့်ကြောင့်ဆို…နင့်ကြောင့်ပဲ ။ ဘယ်သူကြောင့်မှ မဟုတ်ဘူး” ဆိုတဲ့ လူစားရယ်။ အဲဒီလိုနဲ့ ညောင်ပင်ပေါ်ကြည့်နေတုန်း ဘာသွားတွေ့တယ် ထင်တုန်း။ အစကတော့ အဖြူလေးနဲ့ ပြားပြားလေးက ဘာလဲမသိဘူး ဆိုပြီးကြည့်နေတာပါ။ သေသေချာချာကြည့်တော့မှ… လင်ဗန်းဗျ။ လင်ဗန်း။ အနော်လည်း တော်တော်ကို အံ့သြသွားတယ်။
ဘယ်နှယ်! ညက လင်ဗန်းက ညောင်ပင်ပေါ်ရောက်နေရတာတုန်း ဆိုပြီးလေ။ အဲဒါနဲ့ တင်းပြီး အားလုံးကို လှည့်အော်တော့ တာ…နန်းကြိုင်တော့ ပါဝူး ။
“ဟ…ဘယ်ကောင် လက်ကမြင်းထားတာလဲကွ။ လင်ဗန်းက ညောင်ပင်ပေါ်တင်ထားတယ်။ ငါ..ခွီးထဲမှ” ဘာညာနဲ့  အနော် ညောင်ပင်ပေါ်ကို တတ်သွားလိုက်တယ်။ ပြီးတော့ အဲဒီလင်ဗန်းကို ယူလာလိုက်တယ်။ ဟုတ်တယ်ဗျ။ လင်ဗန်းက အညှီနံတောင် ထွက်နေသေး။ ညက အသားကင်တော့ အသားစိမ်းတွေ အဲဒီပေါ်တင်ထားတာလေ။ အဲဒါကြောင့် ညှီနံထွက်နေတာ။ ဒါကတော့ မနေ့ကလာတဲ့ အထဲက တစ်ယောက်ယောက် လုပ်တာဖြစ်မှာပါ။ စချင်တာလည်းပါမယ်။ နောက်ချင်တာလည်း ပါမယ်ထင်တာပဲ။ ကျွန်တော်ကတော့ အဲဒီလိုလုပ်တဲ့ကောင် တွေ့ရင်တော့ ဆွဲသာထိုးချင်တော့တာ။

ကျွန်တော် လင်ဗန်းယူချလာတော့ စံလင်းတို့ယော၊ အလုပ်သမားတွေရော မျက်စိပြူး၊ မျက်ဆန်ပြူးဖြစ်ကုန်တယ်။ ဒီလင်ဗန်းကို ဘယ်သူယူတင်ထားလဲဆိုတာ ဘယ်သူမှ မသိဘူး။ ဒါပေ့မယ် ညက တွေ့ခဲ့တဲ့ လင်ဗန်းနဲ့ အသားကင် အုပ်နေတဲ့ ဘဲက ဒီလင်ဗန်းနဲ့ အုပ်နေတာလည်း ဖြစ်နိုင်တယ်။ ဒီဘဲရုပ်ကိုက သူခိုးရုပ်လေ။ ခမောက်လည်းဆောင်းထားသေး။ မျက်နှာကလည်း ပန်းပုရုပ်နဲ့။ သူတင်တာလည်း ဖြစ်နိုင်တယ်။ ဒါကျွန်တော်တွေးတာပါ။
ဒါပေ့မယ် ဒီဘဲက ကျွန်တော် သူငယ်ချင်း မဟုတ်တာသေချာတယ်။ ပြီးတော့ ဒီမြို့ ပတ်ဝန်းကျင်မှာလည်း ဒီလိုမျက်နှာမျိုး ကျွန်တော် မတွေ့ ဖူးဘူးလေ။ အတွေးတွေကတော့ အစုံပါပဲ။ လင်ဗန်းကို ကိုင်ပြီးတော့လေ။ အားလုံးကလည်း အဲဒါကိုပဲကြည့်နေကြတာ။ နန်းကြီုင်ကတော့ ပေါက်ကွဲနေတယ်။ ဘယ်မသာ လက်ကမြင်းပြီး လုပ်လဲမသိဘူးဆိုပြီးလေ။ ကြည့်ရတာ ဒါဆိုရင်တော့ နန်းကြိုင်ပြောတာ မှန်နိုင်တယ်။ ပုံးကိုလည်း အဲဒီအပေါ်ကို တင်ခဲ့တယ်ထင်တယ်။ တိုက်ဆိုင်ချင်တော့ နန်းကြိုင်ဆိုင်ကယ်နဲ့ အသွားမှာ ပြုတ်ကျတာလည်း ဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ ဒီမှာက အကုန်လုံးက သိနေတာပဲ။ ဒီလိုမျိုးကြီးတော့ မစကြပါဘူး။ မနောက်ကြပါဘူး။ ဟုတ်တယ်မလား။ ဆိုင်ကယ်က အနောက်မှာ ပန်းကန်တွေတင်လာတော့ ၀ိတ်ပါတယ်ဆိုတာ လူတိုင်းသိတာကို။ ၀ူး….မောပါတယ်ဗျာ။

အဲဒါနဲ့ နန်းကြီုင်ကို တဲထဲခေါ်ပြီး ဆေးလူးပေးပေါ့။ ပြီးတော့ သူ့ကိုလည်း တောင်းပန်ရသေးတယ်။ ပန်းကန်တွေ ကွဲရှကုန်တာ အကုန် ပြန်လျော်ပေးပါ့မယ်။ ပါးပါးနဲ့ အလင်းကို သွားမပြောပါနဲ့ ဆိုပြီးလေ။ သူသွားပြောလိုက်ရင် အကုန်ပေါ်ကုန်မှာ။ ပေါ်ရင် ဆဲမှာဗျ။ ကိုယ်လုပ်ပေးတာလေး မျက်နှာကောင်းရတော့မှာ မဟုတ်ဘူးရယ်။ နာမည်ဆိုးကထွက်လာမှာ။ ငဇူးတို့ သောင်းကျန်းတာလေ ဆိုပြီး။ အဲဒါကြောင့် နန်းကြိုင်ကို ချော့ပြီးတော့ တောင်းပန်နေရတာ။ တော်တော် မျက်နှာငယ်ပါတယ်ဗျာ။ ဘ၀က ဟင့်   ။ သူက ဘာမှ ပြန်မပြောဘူးရယ်။
ဆေးလိမ်းပြီး ပတ်တီးစီးပေးတာတော့ ငြိမ်ခံနေတာပဲ။ အသံတော့ ဘာမှ မထွက်လာဘူးရယ်။ မျက်နှာကြီးက တင်းပြီး
တော်တော်ကို ပေါက်ကွဲတဲ့ပုံစံနဲ့ ကြည့်နေတာ။ ဒီလိုနဲ့ သူကို ကျွန်တော် ဆိုင်ကယ်နဲ့ပဲ ခေါ်လာရတယ်။ ပြီးတော့ သူ့ အိမ်လိုက်ပို့ရတယ်ပေါ့ဗျာ။ မတာမလေးကဗျာ။ သူ့ အိမ်လည်း ရောက်ရော…သူ့အမေကို ဖက်ပြီး ငိုတော့တာပဲ။ ပြီးတော့
သူ့ ခြေသလုံးက ဒဏ်ရာကြီးကို ပြပြီး “ဒါပေါ့၊ ငဇူး ခြံထဲမှာ ဖြစ်ခဲ့တာ” ဆိုတော့ဗျာ။ သမီးထိတော့ အမေဘယ်နေလိမ့်မတုန်း။ တုတ်တော့တာပေါ့ဗျာ။ သူ့အမေကလည်း ငယ်ငယ်ကတည်းက အနော်နဲ့သိတယ်။ နယ်မှာဆိုတော့ ဒီလိုပဲ။ အကုန်လုံးက ပတ်သိနေတာ။ သူ့အမေဆဲတော့ ခံရတာပေါ့ဗျာ။ ရှင်းပြလို့မှ မရတာကိုးနော့။

အဲဒီမှာသူ့ အမေက ဘာပြောလဲဆိုတော့….
“သူ့သမီးခြေသလုံး လှလှလေး ဒီလိုဖြစ်တာ နင့်ကြောင့်၊ သူတို့အိမ်က အိုးခွက်၊ ပန်းကန်တွေ ကွဲတာ နင့်ကြောင့်” ဘာညာနဲ့ဗျာ။ နင့်ကြောင့်တွေ ထပ်နေတာဗြဲ။ အနော်ကြာတော့ ပေါက်လာတယ်ဗျ။ ဘယ်နှယ့် ဘယ်လိုမှတောင်းပန်လို့ကိုမရတဲ့ဟာတွေဆိုပြီးလေ။ အဲဒါနဲ့ ပြန်တော့မယ်ဆိုပြီးတော့….ခြံဝကနေ ဆိုင်ကယ်ခွပြီး ဒီလိုအော်ခဲ့တယ်။
“ဘယ်နှယ့် ၊ သောက်ကျိုးနည်း နန်းကြိုင်ခြေသလုံးများလှတယ်တဲ့၊ ငါနှယ့်…သတ်သာသေလိုက်ချင်တာ့တယ်။ ပလောင်တောင်တတ် ခြေသလုံးကိုများ” ဆိုပြီးလေ။ အော်ပြီးတာနဲ့ ဆိုင်ကယ်ကို “၀ှီ” ခနဲ နေအောင် သုတ်တာ။
သိတယ်။ အနောက်ကနေ ၀ါးလုံးပျံတို့၊ တုတ်ပျံတို့ လိုက်လာမယ်ဆိုတာ။ နန်းကြိုင်အမေများဗျာ။ ဘယ်လောက်တောင် တင်းသွားလဲဆိုရင်… ထမိန်မပြီး လိုက်လာတာ။ ဈေးလေးနားထိရောက်တယ်ဆိုဗြဲ။ မနာလို့လည်း မရဘူးလေ။ သူက သူ့သမီးခြေသလုံးကလှလှလေးဆိုတာကို အနော်က တောင်တတ်လို့ တုတ်ပြီး၊ တောင့်တင်းနေတဲ့ ပလောင်မခြေသလုံးနဲ့ နှိုင်းယှဉ်ပေးလိုက်တာကိုး အရိုက်ထိသွားတာပေါ့ ဟေးဟေး ။ ဟုတ်တယ်လေဗျာ။
ပြသနာတစ်ခုကို သေးအောင် ဖုံးတယ်။ ဖိတယ်။ မရဘူးလား။ ဘယ်လိုမှ မရရင်၊ ငဇူးတို့က ဓါတ်ဆီလောင်းပြီး မီးရှို့ ပလိုက်တယ် ပြီးယော ဟေးဟေး။ ဆိုင်ကယ်မောင်းပြီး ပြေးရင်းနဲ့ ဟိုမနေ့ညက လင်ဗန်းနဲ့အသားကင်စားနေတဲ့ ငနဲကိုလည်း မြင်ယောင်မိတယ်။ ဒီကောင်ကိုလည်း ဆုံးမရမယ်ဆိုပြီးလေ။ အဲဒါနဲ့ ဒီလိုကောင်တွေရှိတတ်တဲ့ အရက်ဆိုင်တွေဘက်ကို ဆိုင်ကယ်ခြေဦးလှည့်လိုက်တယ်။ သူတို့ရှိတတ်တဲ့နေရာတွေကို အရင်လိုက်ရှာရမယ်။ ပြသနာက တတ်နေပြီလေ ကိုယ်လည်း မငြိမ်းနိုင်တော့ နည်းနည်းတော့ ထပ်ရှာပြီးမှ အပြစ်ခံတော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကလည်း တစ်ခါတည်းချလိုက်တယ်။

(ဒုတိယပိုင်းအားဆက်လက်ဖတ်ရှုပါရန်)
http://www.zuzuaung.info/?p=2772 မှတဆင့်ကူးယူဖော်ပြပါသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင် “မိုးနဲ”မြို.မှဖြစ်ရပ်မှန်


တစ်ချိန်က မိုးနဲစော်ဘွားအုပ်ချုပ်ခဲ့သော ဟော်နန်းရှိရာမြို့၊ ဤဖြစ်ရပ်မှန်ဇာတ်လမ်းတွင် မိုးနဲမြို့သည် အဓိကမကျ မိုးနဲမြို့တွင်နေသော ယာဉ်မောင်း ဒေါင်းစိန်နဲ့ နန်းစင်ချိုတို့ ချစ်သူနှစ်ဥိးကသာအဓိက သရုပ်ဆောင်မျာြး ဖစ်ကြ လေ သည်။ တောင်ကြီးလွိုင်လင် မိုးနဲမြို့များသို့ ကုန်စိမ်းများသယ်ယူပို့ဆောင်ပေးနေသော ဒေါင်းစိန် ၏ဂျစ်ကား ကို မစီးဘူးသူတော်တော်ရှားသည်။ အထူးသဖြင့် နန်းစင်ချိုတစ်ယောက် ယာဉ်မောင်း ခေါင်းစိန်ဘေး ဂျစ်ကားရှေ့ခန်းမှ လိုက်ပါလေ့ရှိကြောင်းကိုလဲ လူတိုင်းသိကြပြီးဖြစ်သည်ဒေါင်းစိန်က မိတ္ထီလာသား၊ နန်းစင်ချိုက မိုးနဲသူ။ တစ်ဦးနှင့်တစ်ဦး နှစ်နှစ်ကာကာ ချစ်ခဲ့ကြသည့်အကြောင်းကိုလဲ မိုးနဲတစ်မြို့လုံးအသိပင်ဖြစ်သည်။
“အစ်ကို နန်းကိုဘယ်တော့ လက်ထပ်ယူမှာလဲဟင်”
“အစ်ကို ရုန်းကန်နေရတဲ့ဘ၀ကိုလည်း နန်းအသိသားနဲ့။နန်းကို တင့်တောင့်တင့်တယ် လက်ထပ်ယူဖို့ပဲကြိုး စားပြီးငွေစုနေတာလေ”
“ဒါတော့ဒါပေါ့အစ်ကိုရယ်…ယောကျာင်္းလေးတို့ ရဲ့အချစ်သည် တစ်ခဏ၊ မိန်းကလေးတို့၏ အချစ်သည် တစ်ဘ၀ဆို တာလေးတော့ အစ်ကိုသိမှာပါ”
“အစ်ကိုက အဲ့အမျိုးအစားထဲပါနေလို့လား…”
“အဲဒီလို မဟုတ်ပါဘူး အစ်ကိုရယ်၊ နန်းတို့မိန်းမသားဆိုတာရှေ့ရေးက မျှော်တွေးနေကြတဲ့သူတွေပါ၊နန်းအစ်ကို့ကို ယုံပါတယ်။ နန်းကို အစ်ကိုဘယ်လောက်ချစ်တယ်ဆိုတာနန်းသိပါတယ်”
နန်းစင်ချိုရဲ့ ချိုသာသောအပြုံးလေးနဲ့ ချစ်စကားပြန်တုံပြန်လိုက်တော့ ဒေါင်းစိန် တစ်ယောက်ပီတိတွေလွှမ်းလို့ပေါ့…
“မကြာခင် နန်း စိတ်တိုင်းကျဖြစ်စေရမှာပါ နန်းရဲ့”
မိုးနဲဈေးနေ့၊ လွိုင်လင်ဈေးနေ့ တောင်ကြီးဈေးနေ့များတွင် ဒေါင်းစိန်နဲ့ နန်းစင်ချိုတို့ချစ်သူနှစ်ဥိးကိုအမြဲလို လို မြင်တွေ့နေကြရသည်…
တစ်ဦးအပေါ်တစ်ဦး အနစ်နာခံနားလည်မှုရှိကြပြီးအချစ်ကြီးချစ်ခဲ့ကြသော ယှာုဥှုမောင်းသမားလေး ဒေါင်းစိန် နဲ့ ဈေးသည်မလေးနန်းစင်ချိုတို့ ၃ နှစ်အတွင်းမှာပင်လက်ထပ်ခဲ့ကြသည်။
မိုးနဲတစ်မြို့လုံးကလဲဒေါင်းစိန်နဲ့ နန်းစင်ချိုတို့ ဇနီးမောင်နှံကိုနေနဲ့လ ရွှေနဲ့မြပုံပမာဆိုသည့် သီချင်းထဲက လိုတောင် ထောပနာပြုကြသည်။
နှစ်ဦးသားအနှစ်နှစ်အလလကြိုးစားရှာဖွေခြဲ့ ကသည့်ငွေလေးနဲ့ မိဘများနှင့် အိမ်ခွဲ နေထိုင်ကြသည်။
တစ်ဦးအပေါ်တစ်ဦး နားလည်မှုပေး၊ တစ်ဦး အခက်အခဲ များကိုတစ်ဦး ဖြေရှင်းပေး ဒေါင်းစိန် ကလဲအိမ်ထောင်ဦးစီးပီပီ နေ့မနား ညမ အားစီးပွားရှာ ကားဆွဲ၊ နန်းစင်ချိုကလဲ အိမ်ထောင်ရှင်မကောင်းဖြစ်အောင် နေထိုင်လေသည် ၊သို့သော်လဲ တစ်နေ့တွင် ရှေ့သွားနောက်လိုက်ညီနေသော ဇနီးမောင်နှံအတွက် အနှောင့်အယှက်လေးတစ်ခု ၀င်ရောက်လာလေသည်…
“အစ်ကို ဒေါင်း မနက်ဖြန်လည်း အကိုဒေါင်းကားနဲ့ပဲလိုက်မှာနော်၊ရှေ့ခန်း အစ်ကို့ဘေးမှာ နေရာချန်ထားပေး” အိမ်ရှေ့ဆီမှ အမျိုးသမီးတစ်ဦး၏ ခရာတာတာနွဲ့တဲ့တဲ့အသံကို ကြားလိုက်ရသဖြင့်နန်းစင်ချို တစ်ယောက် ဝေ့ကြည့် လိုက်သည်။သူအင်မတန်ချစ်သော လင်တော်မောင်ဒေါင်းစိန်ဘေး၌ ပွတ်သီးပွတ်သပ် ထိုင်နေသည့် ချောချောလှလှ အမျိုးသမီးငယ်တစ်ဦးကိုတွေ့ရသည်…
“ဒီနေ့တော့ကားရေဆေးရမှာမို့ချယ်ရီ ဒီကနေပဲဆင်းသွားတော့နော်၊ မနက်ဖြန် ချစ်ရီအိမ်ကို အကိုဝင်ကြိုမယ်”
“Ok ချယ်ရီသွားမယ်”
ဂျစ်ကားရှေ့ခန်းမှ လှုပ်လီလှုပ်လဲ့နှင့် ခပ်ယဲ့ယဲ့ဆင်းသွားသောချယ်ရီအား စူးရှသောမျက်လုံးအစုံနှင့်ကြည့်နေသူက နန်းစင်ချို။
“ကားဆရာကြီး ဒီနားကိုခဏကြွပါအုန်း”
ရိသဲ့သဲ့စကားကြောင့် ဒေါင်းစိန်သိလို က်ပြီဖြစ်သည်။
“အဲ့ဒီချယ်ရီဆိုတဲ့ကောင်မက ဘယ်ကလဲ၊ ဘာကြောင့် အစ်ကို့ဘေးနားမှာ ကပ်ထိုင်နေရတာလဲ၊အစ်ကို့ဘေးမှာ နန်းစင်ချို ဆိုတဲ့သူ့မိန်းမ ကလွဲရင်ဘယ်သူမှ ထိုင်ခွင့်မရီဘူးလေဆိုတဲ့ စကားလုံးတွေနဲ့ အစ်ကို့ကိုတိုက်ခိုက်တော့မယ် မဟုတ်လား။ အခုတော့ အစ်ကို အရမ်းပင်ပန်းလာလို့ စိတ်ရှည်ရှည်ထားပေးအုံးနော်၊ နောက်တော့ အားလုံးရှင်း သွားမှာပါ နန်းရဲ့”
နန်းစင်ချိုဘာမှပင်မပြောလိုက်ရမီ ဒေါင်းစိန်တစ်ယောက် ကားရေဆေးရန်ဟုဆိုကာထွက်သွားလိုက်သဖြင့် စကားနည်း ရန်ဆဲဖြ စ်ခဲ့ရသည်။ သို့ရာတွင်လည်းနေ့စဉ်လိုလို ပတ်ဝန်းကျင်မှ အတင်းအဖျင်းလေ များတိုက်ခတ် မှုကြောင့် နန်းစင်ချို ခံပြင်းစိတ်များ အုံကြွလာသည်။ချယ်ရီဆိုသော မိန်းကလေးကိုတွေ့လျှင် အရှုပ်ကို ရှင်းမည်ဟု ဆုံးဖြတ်ထားလိုက်သည်။
သို့နှင့် မည်သူမျှအသိမပေးပဲ ဒေါင်းစိန်ရှိမည့် ဂျစ်ကားဂိတ်သို့တစ်ဦးတည်းလိုက်သွားသည်။ “နန်း ဘာဖြစ်လို့ လိုက်လာတာလဲ၊ချယ်ရီနဲ့ အကို ဘယ်လိုပုံစံနဲ့မှမပတ်သက်ဘူးဆိုတာ အစ်ကိုရှင်းပြပြီးပြီလေ”
“အစ်ကိုပြောတာတွေအားလုံးကို နန်းနားလည်ပါတယ်၊ဒါပေမယ့် အစ်ကိုရယ် အရင်တုန်းကလိုပဲအစ်ကို ကားမောင်းနေ ရင် အစ်ကို့ဘေးနားမှာပဲ နန်းအမြဲလိုက်နေချင်တာ အစ်ကိုရဲ့”
“ခက်လိုက်တာ နန်းရယ် အစ်ကိုတို့ ကားသမားဆိုတာ ခုနှစ်ရက်သားသမီးနဲ့အလိုက်သင့်ပေါင်းရတယ်ဆိုတာ နန်းလည်း အသိသားနဲ့”
“ဟုတ်ပါတယ် အစ်ကိုရဲ့၊ ဒါပေမယ့်လဲ အကို့ဘေးနားမှာဘယ်သူမှ ထိုင်တာ မကြိုက်ဘူး”
“နန်းကလဲ ကလေးဆန်လိုက်တာ။ ကဲလာ ခုလည်းအစ်ကို လိုက်ပို့မယ်၊ အကို့ဘေးနားမှာပဲထိုင်ပေါ့၊ ရှေ့ခန်းမှာ ဘယ်မိန်းကလေးမှမတင်တော့ဘူး ကျေနပ်လား”
နန်းစင်ချိုက ကနွဲ့ကယနှင့်ခေါ င်းအသာညိတ်ပြလိုက်သည်။ဒေါင်းစိန်တစ်ယောက် ခရီးသည်မပြည့်သော်လည်း ဂိတ်မှ ထွက် ခဲ့သည်။မိုးနှင်းများကျထားသဖြင့် စိုစွတ်နေသောလမ်းပေါ်ဝယ် ဒေါင်းစိန်၏ဂျစ် ကားမှာတရိပ်ရိပ်ပြေးလွှားရင်း တောင် တက်တောင်ဆင်းတို့တွင် ကွေ့လိုက် ပတ်လိုက်နှင့်ကျော်ဖြတ်နေကြောင်းတွေ့ရသည်
နန်းစင်ချိုမှာမူဒေါင်းစိန်နံဘေးမှ လိုက်ပါလာရသည်ကိုပင် ပီတိဖြာလျက် တမှေးပင်အိပ်ပျော်သွားဟန်တွေ့နေရသည်။ ခရီးသည်များကလဲ သူ့အတွေးနဲ့သူ့အရေး၊ မှေးသူကမှေး ငေးသူကငေးလို့ပေါ့။ ဂငယ်ဂွေ့တစ်ကွေ့အရောက် မမျှော်လင့်ဘဲ ကုန်တင်ကားယာဉ်ကြီးတစ်စီးကွေ့ထွက်လာသည်ကိုတွေ့လိုက်ရသောဒေါင်းစိန်လည်း စက္ကန့်ပိုင်း အတွင်း ဆုံးဖြတ်ချက်ဖြင ကားကိုဘယ်ဘက်သို့ကွေ့ချလိုက်သည်။ အမှတ်မထင်ဖြစ်ပျက်လိုက်မှုကြောင နန်းစင်ချို ခမြာ ကား၏ညာဘက်သို့လွင့်ကျသွားတော့သည်။
ကားကလဲ အရှိန်နဲ့ဖြစ်တာကြောင့် ကျသွားသောအရှိန်နဲ့ပေါင်းပြီး သွေးသံရဲရဲဖြင့် မေ့လဲသွားသောနန်းစင်ချိုအား ချက်ခြင်း ပင် လွိုင်လင်ဆေးရုံသို့ အမြန်ပို့ကြသည်။ သို့သော်လဲ နောက်နေ့မနက်တွင်နန်းစင်ချို တစ်ယောက်သေ ဆုံး သွားကြောင်းသိကြရ၍ မိုးနဲတစ်မြို့လုံးနှင့် ဒေါင်းစိန်တို့ယူကြုံးမရဖြစ်ကြရတော့သည်။
ဒေါင်းစိန်သည် နန်းစင်ချိုအလောင်းအား မိုးနဲသင်္ချိုင်းတွင် ကောင်းမွန်စွာမြှုပ်နှံခဲ့သည်။
ရဲ့တပ်ဖွဲ့၏စုံစမ်းစစ်ဆေးမှုပြုလုပ်ချက် အပေါ်အခင်းဖြစ်စဉ်က ဂျစ်ကားပေါ်တွင်ပါလာသူများအားလုံးက နန်းစင်ချိုမှာ အိပ်ငိုက်နေသဖြင့်ကားရုတ်တရက်အကွေ့တွင် ကျသွားခြင်းဖြစ်ကြောင်း ထွက်ဆိုကြခြင်းေ ကြာင့် ဒေါင်းစိန် အပြစ်နှစ် အနည်းငယ်သာ ကျခံခဲရသည်။
နေ့များသည် လျှင်မြန်စွာဖြတ်သန်းနေ၏ ဒေါင်းစိန်က ယာဉ်မောင်းအလုပ်ကိုသာ ပြန်လုပ်ကိုင်နေကြောင်းတွေ့ရသည်… တစ်ခုထူးခြားချက်က ညဘက်ရောက်လျှင် ဒေါင်းစိန်အိမ်တစ်ဝိုက်မှာ ခွေးများ အလွန် အူကြချင်းဖြစ် သည်နောက် တစ်ချက်ကမူ ဒေါင်းစိန် ကားလိုက်လို့ ကားခေါင်းခန်းတွင် အမျိုးသမီးပါလာလျှင် အနံဆိုးကြီးရခြင်း တစ်ခါတစ်ရံ ကားပေါ်မှ ဆွဲချသလိုတောင် ခံစားရသည်ဟုပြောစမှတ်ဖြစ်လာကြသည်။
“နန်းစင်ချိုက သူ့လင် ဒေါင်းစိန်ကို ဘယ်လောက်စွဲလမ်းလဲဆိုတာနင်တို့အ သိပဲလေ။ပြီးတော့ သေရတာက အစိမ်းသေ ကျွတ်နိုင်လွတ်နိုင်ပါ့မလားဟဲ့”
“အဲဒါကြောင့် သရဲဘ၀အဖြစ်နဲ့များ သူ့အိမ်သူပြန်နေတာနေနေမှာပေါ့”
အဲဒါကတော့နန်းစင်ချိုရဲ့ အရင်းနှီးဆုံးသူ ငယ်ချင်းများဖြစ်သည့် နန်းကြာယုံနှင့် မြမြ၀င်းတို့၏လေသံ။
“ငါ့အထင်တော့ တို့သူငယ်ချင်း ဒေါင်းစိန်က သူ့မိန်းမကို အရမ်းချစ်တော့ ကားပေါ်ကကျသေတဲ့နေရာ ကနေ ခေါ်လာ တာပဲဖြစ်ရမယ်”
“ဘယ်လိုပဲဖြစ်ဖြစ်ကွာ နန်းစင်ချို သရဲ ဒီအိမ်မှာရှိနေတာတော့သေချာပြီ”
“အိုကွာဘာပဲဖြစ်ဖြစ် ငါတို့ ချောင်းကြည့်ရအောင်”
ဒေါင်းစိန်၏သူငယ်ချင်း သံချောင်းနှင့်စိုင်ဇော်ထူးတို့၏စူးစမ်းသံ ဒေါင်းစိန် အိမ်ပြန်မလာသော ညတည၊မိုးနှင်းများကျပြီး အအေးဒဏ်ကလဲ လွန်ကဲချိန်ဖြစ်၍မိုးနဲတစ်မြို့ လုံးတိတ်ဆိတ်နေချိန်ဖြစ်သည်။
အမှောင်ထုထဲမှာခွေးအူသံ တစ်ချက် ကြားရသည်နှင့်သံချောင်းတို့ဒေါင်းစိန်၏အိမ် သို့ချဉ်းကပ်လိုက်သည်။မှောင်ပြပြ မီးဖိုချောင် ဘက်မှ အသံကြားရသဖြင့်နှစ်ဦးသား အာရုံစိုက်ပြီး အကြည့် သူတို့တွက်ထားသည့်အတိုင်း နန်းစင်ချို သရဲကိုတွေ့ရလေပြီ။ထမင်းချက်သည်၊ ပန်းကန်ဆေးသည် ရေနွေးတည်သည်၊ ရေအိုးတွေ ရေဖြည့်သည် လူဖြစ်စဉ်က လုပ်ခဲ့ပုံအတိုင်းလုပ်ဆောင်လေသည်သို့သော် ဘုရားစင်ရှိသည့်ဘက်ကိုတော့ မသွားချေ…
ထိုစဉ်ဒေါင်းစိန်ပြန်လာသည်ကို တွေ့ရသဖြင့် သံချောင်းတို့ပုန်းနေလိုက်သည်။ ဒေါင်းစိန်တစ်ယောက် သရဲ မနန်းစင်ချို ချက်ပြုတ် လုပ်ကိုင်သွားသည်များကိုမတွေ့။ မည်သို့မျှမမှုသည့်အပြင်ပူပူနွေးနွေး ထမင်းဟင်းများကိုအားပါးတရ စားနြေေ ကာင်းတွေ့ကြသည်။
“သံချောင်းမင်းတို့မြင်တွေ့ခဲ့တာတွေက အမှန်ပဲလား”
“မှန်ရုံတင်ဘယ်ကမလဲ ဆရာရယ် မိုးနဲတစ်မြို့လုံးကလဲသိနေကြပြီပဲဟာ”
အထက်ပါဖြစ်ရပ်မှန်များအားသံချောင်းတို့က စာရေးသူကိုပြန်လည်ပြောပြနေခြင်းဖြစ်သည်။ သို့ကြောင့်လဲစာရေးသူ ကိုယ်တိုင် ပင် ဖြစ်ရပ်မှန်များထဲသို့ စူးစမ်းလိုစိတ်နှင့်ဝင်ရောက်ခဲ့ရလေတော့သည်။
“နေစမ်းပအုန်း မင်းတို့သရဲမကို တွေ့ရတယ်ဆိုတာက လူပုံစံနဲ့တွေ့လိုက်ရတာလား”
“အဲလိုတော့မဟုတ်ဘူးဆရာရ၊ ဟိုအင်္ဂလိပ်ကားတွေထဲကလိုတော့ပုံစံကြီးနဲ့မတွေ့လိုက်ရဘူး အသံနဲ့လှုပ်ရှားမှုကိုပဲ သိရတာ”
“ကဲ ဒီကိစ္စကို ဒီတိုင်းထားလို့တော့ မဖြစ်ဘူး၊ မင်းတို့လည်းဗုဒ္ဓဘာသာတွေမလား၊ ဆရာတော်ဆီ သွားလျှောက်ကြည့် မယ်လာ”
စာရေးသူက အသက်ကြီးသူပီပီ ဆရာလုပ်ကာ မိုးနဲမြို့ဘုန်းတော်ကြီးကျောင်းသို့ရောက်ခဲ့ကြ ရသည်။ အိုမင်းနေပြီဖြစ်သော ဆရာတော်ကြီးမှာ ရှမ်းလူမျိုးဖြစ်ပြီး မြန်မာစကားမတက်သဖြင့် စိုင်းဇော်ထူးက စကားပြန် လုပ်ပေးရသည်။
နန်းစင်ချိုမှာ မိမိ၏လင်သားနှင့်မိမိအိမ်အပေါ်စွဲ လမ်းမှု ဥပဒါန်ကြီးပါးမှုကြောင့် အစိမ်းသရဲဖြစ်နေကြောင်း၊ ဖုတ်၊ ပြိတ္တာ သရဲတစ္ဆေတို့မည်သည် အချိန်ကြာမြင့်လာလျှင် အစွယ်ပါထွက်လာပြီးတစ်ရွှာလုံးရှိ ကလေး သူငယ် လူအပေါင်း ကိုဒုက္ခပေးတတ်ကြောင်း၊ နန်းစင်ချိုအား မြှပ်နှံထားသော အခေါင်း၏ခေါင်းရင်းဘက်တွင် အပေါက် တစ်ပေါက် ရှိကြောင်း၊ ယင်းအပေါက်မှထွက်လာပြီးရွှာထဲသို့ဝင်လာတာဖြစ်ကြောင်း၊မိမိတို့သံယာတော်များအနေဖြင့် ၀ိနည်း ကိုစောင့် ထိန်းနေရသူမျာြး ဖစ်သောကြောင့် ဤကိစ္စကို မည်သို့လုပ်ဆောင်ရမည်ကိုမညွှန်းပြအပ်ကြောင်း မိန့်ကြားလိုက်ေ လသည်။
သို့နှင့် စာရေးသူ၏အကြံပြုချက်ဖြင့ နန်းစင်ချို၏ယောကျာင်္းဖြစ်သူ ဒေါင်းစိန်ကိုခေါ်ယူကာ မြို့ခံလူကြီးများရှေ့မှောက် တွင် မေးမြန်းကြရတော့သည်
“သံချောင်းတို့ တွေ့ခဲ့ကြတယ်ဆိုတာတွေဟာ မှန်ပါတယ်၊ ကျနော်မိန်းမ ကျနော်ဆီပြန်လာေ နတာကြာပါပြီ၊ လင်ခန်းမယားခန်း အနေနဲ့လည်း လူ့ဘ၀တုန်းကလိုပ နေခဲ့ကြပါတယ်၊တခြားသူတွေကို သတိမပေးဘူး ဆိုတာကျနော့်မိန်းမကို ကျနော်အရမ်းချစ်ပါတယ်၊ သူနဲ့ခွဲလိုက်မှာစိုးပါလို့ပါ”
ဒီတော့ စာရေးသူက တာဝန်ရှိသူတစ်ဦးအနေနဲ့ ဒါဟာဒီတိုင်းဆိုရင် ရှေ့ရေးမမြင်ရသေးတဲ့ ဒုက္ခတွေများတယ် သူဒုက္ခဖြစ်နိုင်တယ်
ကဲ ဒေါင်းစိန် ဒီအခြေအနေကျမှတော့ မဖြစ်တော့ဘူး၊ မြို့နာမည် ရွှာနာမည်ဆိုတာကိ ငဲ့ပြီး လူကြီးတွေ စီစဉ်တာကို မင်းလိုက်နာရတော့မှာပေါ့လို့စာရေးသူက ခက်ပြတ်ပြတ်ပြောလိုက်မှ စကားပြတ်သွားသည်။သို့နှင့် သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြောင်း ကြားပြီး ဆိုင်ရာပိုင်ရာကွင်းပိုင် နယ်ပိုင် သင်္ချိုင်းစောင့် အပါအ၀င် ပုဂ္ဂိုလ်အားလုံး၏ခွင့်ပြုချက်နှင့်အတူ နန်းစင်ချို၏ အလောင်းကိုဖော်ယူရန် တာဝန်ရှိသူတွေနဲ့ပူးပေါင်းစီစဉ်ကြတော့သည်။
မြို့နယ်အတွင်းရှိရွှာနီးစပ်များမှ ဒီသတင်းကို ကြားသိသွားကြရာမှအလောင်းဖော့်မည့် နေရတွင်ဆိုင်ခန်းများပင်ရောင်းရ လျှက် စည်ကားနေကြောင်းတွေ့ရသည်။နန်းစင်ချို၏ ယောကျာင်္းဖြစ်သူ ဒေါင်းစိန် နှင့် သူ၏သူငယ်ချင်း များဖြစ်ကြသော သံချောင်း စိုင်းဇော်ထူးတို့နှင့်အတူ စာရေးသူပါ စိတ်ဝင်တစားကြည့်ရူ့လေ့လာကြသည်။
နန်းစင်ချို၏အခေါင်းပုံကို ပံမပျက်စေရန် မြေကိုတူးစွမတင်ကြပြီး မီးရို့နိုင်ရေးအတွက် ထင်းပုံပေါ်သို့တင်လိုက်ကြသည်။
“နန်းစင်ချိုအားမြှပ်နှံထားသော အခေါင်း၏ခေါင်းရင်းဘက်တွင် အပေါက်တစ်ပေါက်ရှိကြောင်း၊ ယင်းအပေါက်မှထွက် လာပြီးရွှာထဲသို့ဝင်လာတာဖြစ်ကြောင်း” ဆရာတော် မိန့်ကြားခဲ့သည့် အတိုင်း ကြည့် ကြည့်မိရာ အခေါင်း၏ ခေါင်း ရင်းဘက်တွင် အပေါက် ငယ် တစ်ပေါက်ကိုတွေ့လိုက်ကြရသဖြင့် ကြည့်ရှု့သူအားလုံးတအံ့တသြဖြစ်သွား ကြရသည်။
သေချာနေပြီဖြစ်သောကြောင့် သံချောင်းတို့အု ပ်စုသည်အလောင်းအား ဓာတ်ဆီလောင်းကာ မီးရှို့လိုက်ကြလေတော့ သည်…
မီးတောက်များနဲ့အတူ နန်းစင်ချိုအားခချစ်ခဲ့ရသည့်အချစ်မီးတောက်များမှာလည်း ဒေါင်းစိန်၏ရင် တွင်းဝယ် တောက်လောင်နေမည်မှာလည်း မလွဲဧကန်ပင်ဖြစ်မည်ဆိုခြင်းကို ငြင်းချက်ထုတ်စရာပင်မလိုတော့။
ထိုနေ့ ထိုရက်များမှ စပြီး မိုးနဲမြို့၌တစ္ဆေမလေး နန်းစင်ချိုအကြောင်းမည်သို့မည်မျှ မကြားရသည်မှာယနေ့ထက်တိုင်ပင် ဖြစ်ချိမ့်မည်။ ဤကားစာရေးသူကိုယ်တိုင်ကြုံတွေ့ခဲ့ရသေဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါသည်။

သရဲခြောက်သောနေရာ မှ ကူးယူဖော်ပြပါသည်။

ပရ..နဲ့..လောက..(.သို့.).သရဲအကြောင်း.မပြောကြေး......

ပရ..နဲ့..လောက..(.သို့.).သရဲအကြောင်း.မပြောကြေး......

တစ်နေ့တစ်နှိုက်.......ဗိုလ်ချုပ်လမ်းတောက်လျှောက်....ရွှေမြို့တော်..ကနေ..
ပြန်အလာ....ဗိုလ်ချုပ်ကြေးရုပ်နား..အရောက်မှာ....
ဆိုင်ကယ်ကို..ဖြေးဖြေး.စီးပြီး...လမ်းမပေါ်...လူသူရှင်းနေခိုက်...
မီးရောင်စုံ..၀င်းနေတဲ့.ဗိုလ်ချုပ်ရုပ်တုကြီးကို..ငေးအကြည့်..

ဘူတာလမ်းဘက်..ချိုး.အကွေ့..ကုက္က
ိုပင်ကြီး.အောက်.အဖြတ်..

ရုတ်တရက်...ဆိုင်ကယ်.ထိုးရပ်သွားပါလေရော....
စိတ်ထဲ..တွေးမိလိုက်တာက..ဟာ..ဆီဆိုင်ကျော်လာမှ..ဆီပြတ်တာလား.မသ
ချုပ်ဆွဲပြီး...စက်.ကို..နှိုးတယ်..စက်က.ဘယ်လိုမှ..မနိုး..တော့ဘူး..
အဲဒါနဲ့....ဟ.ပလပ်များ.ဆီရိုက်သွားသပြီ..အထင်နှင့်..ကဲ.ဆီဆိုင်..ရောက်မှ..
ဆက်နှိုးမယ်..စိတ်ကူးရင်း..ဆိုင်ကယ်ကို.တွန်း..ကာ.....

သော့ပိတ်မယ်..အလုပ်မှာ....

ဆိုင်ကယ်..သော့က.ပိတ်ပြီးသားကြီး..ဖြစ်နေတယ်..

ညမှောင်မှောင်မှာ..တစ်ယောက်တည်း..ကြက်သီး..ဖြန်းဖြန်း..ထပြီး..
ခေါင်းမွေးတွေ..ထောင်ထ..သွားပါရော..

ဒါနဲ့.သော့ကို..ဖွင့်...စက်နိုးလိုက်တော့...အကောင်း..

မည်သို့သော.အကြောင်းကြောင့်..ရုတ်တရက်.သော့လုံးဝ.ပိတ်သွားသည်..
ဆိုတာ..ဘယ်လိုမှ..တွေးမရခဲ့....

ဇော်ချွေးပြန်ပြီး..အိမ်ကို..သုတ်ခြေတင်.မောင်းပြေးလာခဲ့ရလေတော့.သတည်း..

ကလူ..ကလူ....

သရဲအကြောင်း စိတ်ဝင်စားရင်.. ဖတ်ကြည့်ပေါ့။ ကိုယ်တွေ့တဲ့။


 
မင်္ဂလာဒုံမှာနေတဲ့ မိသားစုတစု ကြုံတွေ့ ရတဲ့ ပရလောကဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ၊ သူတို့မိသားစုနေတာက ဗဟိုနိုင်ငံရေးတိုက်လိုင်းမှာနေကြပါတယ်။ တစ်ရက် အန်တီကြီးနဲ့အန်ကယ်ကြီး အကြီးအကျယ်ရန်ဖြစ်ကြပြီး အိမ်ခွဲနေရာကနေစပါတယ်။ တရက် ညနေစောင်းတရက်မှာ အိမ်မှာ ခလေးတွေနဲ့ကျန်ခဲ့တဲ့ ယောက်ျားဖြစ်သူက သူငယ်ချင်းနဲ့အတူတူ အရက်သွားသောက်ကြပြီး ည 11 နာရီဝန်းကျင်မှာ မူးပြီးအိမ်ကိုပြန်လာကြတယ်၊ တံတားတခုအနားအရောက်မှာ မိသားစုတစုကိုတွေ့ ပါလေရော၊ စကားလာပြောတော့နားထောင်ပေးရတာပေါ့၊ သူတို့ကမိသားစုဖြစ်ကြောင်း အခုလောလောဆယ် နေစရာမရှိလို့ အကူအညီတောင်းအသနားခံကြတာဖြစ်ကြောင်း၊ နေစရာပေးဖို့ကူညီပေးပါလို့ပြောလိုက်တဲ့အခါ၊ အန်တီကြီးအိမ်ပေါ်ကဆင်းပြီးအိမ်ခွဲနေလို့ စိတ်လည်းညစ် ကူလည်းကူညီချင် မူလည်းမူးနေတဲ့ အန်ကယ်ကြီးက

" အေးလိုက်ခဲ့ ..အိမ်မှာ ငါတယောက်တည်းနေတာ နင်တို့မိသားစုနေချင်ရင်လိုက်ခဲ့ပေါ့ "

ဆိုပြီးခေါ်လာခဲ့ပါလေရော...သူနဲ့အတူအရက်သောက်ပြန်လာတဲ့သူတွေရဲ့အမြင်မှာတော့ တယောက်တည်းမူးပြီးစကားတွေရပ်ပြောနေတာကို အဲ့အချိန်မှာ သတိမထားမိကြပါဘူး..သူတို့ဘာသာသူတို့လည်း မူးနေကြတယ်၊
တကယ်ကတော့ သူတို့ခေါ်လာခဲ့တဲ့မိသားစုက ပရလောကသားတွေဆိုတာကို မူးနေတဲ့သူ့သူငယ်ချင်းတွေကလည်း မသိရှာကြပါဘူး။
ကျန်တဲ့သူငယ်ချင်းတွေက သူတို့အိမ်သူတို့ပြန်၊ အန်ကယ်ကြီးလည်း ကိုယ့်အိမ်ဘက်ကိုယ်လမ်းခွဲပြန်၊ အိမ်ရှေ့ရောက်လို့ အိမ်ထဲဝင်ပါမယ်ဆိုမှ သူခေါ်လာတဲ့ ဒုက္ခသည်မိသားစုက မ၀င်ပဲရပ်နေကြလို့

" ဟ ၀င်ကြလေဟ ဒါ ငါ့အိမ် နင်တို့နေလို့ရတယ် " ..၀င်လေဆိုပြီးခေါ်တော့ ၊

" သူတို့က အိမ်တွင်းစင်ရှိလို့ဝင်မရဘူး အဲ့ဒါကိုဖြုတ်ပေး " ..လို့ပြောပြန်တယ်။
အတော့်ကိုမူးနေတဲ့ အန်ကယ်ကြီးကလည်း တကယ်ကိုပဲ ဖြုတ်ပေးလိုက်ပါတယ် အိမ်တွင်းကို ဖြုတ်ပြီး အိမ်ပြင်ထုတ်ပစ်၊ အိမ်ထဲရောက်တော့

" နင်တို့က လင်မယားတွေဆိုတော့ ငါတို့လင်မယားအိပ်တဲ့အခန်းမှာနေ၊ နင်တို့ခလေးနှစ်ယောက်ကတော့ ငါ့သားတွေအိပ်တဲ့အခန်းမှာအိပ် "

ဆိုပြီးနေရာချ ကြိုက်သလိုချက်ပြုတ်စားသောက်နိုင်ကြောင်း ပြောလိုက်တယ်...
မနက်မိုးလင်းအမူးပြေတော့သူ့ဘာသာလည်း ဘာတွေလုပ်လို့ဘာတွေလုပ်ခဲ့တယ် မမှတ်မိဘူးနဲ့တူပါတယ်၊ ပုံမှန်ပဲ အပြင်သွား၊ အလုပ်သွား၊ ခလေးတွေလည်း သူတို့သွားစရာရှိတာတွေသွားနဲ့ သူ့အမျိုးသမီး အိမ်ဖော်ကဆင်းတာ နှစ်လခွဲလောက်ကြာသွားပြီး၊
နောက်ပိုင်းပြန်အဆင်ပြေလို့ပြန်တက်လာတော့ မမြင်တာကြာတာနဲ့ပတ်ဝန်းကျင်က သတင်းမေးရင်း

" သူတို့အိမ်မှာ အလုပ်သွားချိန်၊ ကျောင်းသွားချိန် လူတယောက်မှ မရှိပဲ၊ အိမ်တံခါးတွေလည်းသော့ခတ်ထားနေရင်းက အသံတွေ၊ စကားပြောသံ၊ ထမင်းဟင်းချက်သံ၊လူသံ၊ ခလေးသံတွေကြားနေရတယ် "

ဆိုတဲ့အကြောင်း အိမ်နီးနားချင်းတွေကပြန်ပြောကြတော့
သူ့မိန်းမလည်း ဘာမှန်းသေချာမသိလို့၊ အိမ်ကိုရှင်းလင်းရင်းနဲ့ အပြင်ထုတ်ထားတဲ့ အိမ်တွင်းစင်ကိုအသစ်မလုပ်ပဲ ဒီတိုင်းပဲပြန်တင်ထားလိုက်တယ်။
တရက်သားတော့ သူတို့ကိုးကွယ်တဲ့ဆရာအိမ်လာတဲ့အချိန်မှာ အဲ့ဆရာက မပြန်ခင်မှာသွားတယ် နောက်နေ့သူ့ဆီလာခဲ့ဖို့၊ အရေးကြီးတာပြောဖို့ရှိတဲ့အကြောင်း မှာခဲ့တယ်။ နောက်တနေ့ မိန်းမဖြစ်သူကသွားတော့

" နင်တို့အိမ်ငါလာတုန်းက ခြံပေါက်ဝမှာ လင်မယားနှစ်ယောက်နဲ့တွေ့ တယ်၊ သူတို့က ပရလောကသားတွေ၊ နင့်ယောက်ျားခေါ်လာလို့ သူတို့နေနေတာလို့ ငါမနောနဲ့မေးတာကိုပြောတယ် " တဲ့

ဒါနဲ့ပဲ လင်မယားနှစ်ယောက်ဆရာနဲ့တိုင်ပင်ပြီး ပရိတ်ရေတွေဖြန်း၊ တအိမ်လုံးကိုဖြန်း၊ လင်မယားအိပ်တဲ့အခန်း၊သားတွေအခန်းကိုဖြန်းတဲ့အချိန်မှာ သိသိသာသာကို ကြက်သီးတဖြန်းဖြန်းထတာ ခံစားရတယ်တဲ့၊ အိပ်ပြန်ရင်လည်း တဆစ်ဆစ်နဲ့ အသားတွေနာကျင်သလိုခံစားလာရတယ်တဲ့၊ ဒါနဲ့ ဆရာနဲ့ဆက်တိုင်ပင်ပြီးတော့ သူတို့ကို သူတို့လာတဲ့နေရာကိုပြန်ပို့ရမယ်၊ နေရာပြန်ချထားရမယ်ဆိုပြီး ဆရာ့အစီအမံနဲ့ပဲ တံတားရဲ့တဖက်မှာနေကြဆိုပြီး ပြန်ပို့လိုက်ကြတယ် ( တံတားရဲ့တခြားတဖက်မှာတော့ မာန်ပြေရန်ပြေဘုရားရှိပါတယ် )။ အဲ့လိုနေရာချပေးပြီးတဲ့အချိန်မှာလည်း ထိုပရလောကမိသားစုက

" ငါတို့ ဒီတပတ်အတွင်းမှာ လူတယောက်လဲဖို့ရှိတယ်" လို့ ပြောပြတယ်တဲ့။

ဆရာဖြစ်သူလည်း အန်ကယ်ကြီးရဲ့ ဆိုင်ကယ်ကို သူ့အိမ်ကို ဒီတပတ်အတွင်းလာပို့ထားပြီး အဲ့ဒိတံတားဘက်ကိုလည်း မိသားစုမသွားဖို့၊ အထူးသဖြင့် ကံနိမ့်နေတဲ့ အန်ကယ်ကြီးမသွားဖို့ကို အတန်တန်မှာကြားစီစဉ်ပေးခဲ့ရပါတယ်။ သုံးရက်မြောက်လောက်နေ့ အဲ့မှာ မှာ ကောင်လေးတယောက်နဲ့ကောင်မလေးတယောက်စီးလာတဲ့ကား တိမ်းမှောက်ပြီး ကောင်မလေးသေဆုံးသွားတဲ့သတင်းကိုကြားသိခဲ့ရပါတယ်။

( မင်္ဂလာဒုံ နိုင်ငံရေးမှတ်တိုင်အနီးမှာ ကားအက်ဆီးဒင့်ဖြစ်လို့ မိန်းခလေးတယောက်သေဆုံးသွားတဲ့ သတင်းတပုဒ်နဲ့ အသိမိသားစုကြုံတွေ့ ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းတခုရဲ့ ဆက်စပ်မှုပါ )

"ဧည့်သည်"
October 10, 2013 at 7:13pm